ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
ဆာလံ 108:4 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။ Common Language Bible ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။ Garrad Bible က ရု ဏာ တော် သည် မိုး ကောင်း ကင် အ ထက် တိုင် အောင်လည်း ကောင်း၊ သ စ္စာ တော် သည် အာ ကာ သ တိုင် အောင် လည်း ကောင်း၊ မှီ ပါ ၏။ Judson Bible အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မီပါ၏။ |
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
အကြောင်းမူကား မြေကြီးအပေါ်၌ ကောင်းကင်သည် မြင့်မားလှသည့်အတိုင်း ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့အပေါ်၌ မေတ္တာကရုဏာတော်သည် ကြီးမားလှပေ၏။
ထာဝရဘုရားသည် လူမျိုးအပေါင်းတို့ အထက်၌လည်းကောင်း၊ ကိုယ်တော်၏ဘုန်းအသရေသည် ကောင်းကင်အထက်၌လည်းကောင်း ချီးမြှောက်ခြင်းရှိ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်သို့ရောက်၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင် ရောက်ပါ၏။
မေတ္တာကရုဏာနှင့် သမ္မာတရားသည် တွေ့ဆုံကြပြီ။ ဖြောင့်မတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အချင်းချင်းနမ်းကြပြီ။
အကြောင်းမူကား “မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏။ ကိုယ်တော်သည် မိမိသစ္စာတော်ကို ကောင်းကင်၌ တည်မြဲစေတော်မူလိမ့်မည်”ဟု အကျွန်ုပ်ဆိုပါ၏။
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
မိုးကောင်းကင်သည် ကမ္ဘာမြေကြီးထက်သာ၍မြင့်သကဲ့သို့ ငါ၏နည်းလမ်းသည် သင်တို့၏နည်းလမ်းထက်၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက် သာ၍မြင့်၏။