သူတို့နေထိုင်ရန်မြို့သို့ရောက်ရန် ဖြောင့်သောလမ်းဖြင့် သူတို့ကို ဦးဆောင်လမ်းပြတော်မူ၏။
ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
နေ ထိုင် ရန် မြို့ သို့ ရောက် စေ ခြင်း ငှာ၊ ဖြောင့် သော လမ်း ဖြင့် ပို့ ဆောင် တော် မူ၏။
သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
ဤသို့ဖြင့် နယ်မြေခေါင်းဆောင်များသည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြပြီး အစ္စရေးလူထုများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများ၊ ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများသည် ယုဒပြည်ရှိ ကိုယ့်နေရင်းမြို့ရွာများတွင် နေထိုင်ကြ၏။
ဆာလောင်မွတ်သိပ်သောသူတို့ကို ထိုအရပ်တို့၌နေထိုင်စေတော်မူ၏။ ထိုအခါ သူတို့သည် မိမိတို့နေထိုင်ရန်မြို့ကို တည်ကြ၏။
အချို့တို့သည် တောကန္တာရထဲ၌ ကန္တာရလမ်းတွင် လှည့်လည်သွားလာကြပြီး မိမိတို့နေထိုင်ရန်မြို့ကို ရှာမတွေ့ကြချေ။
မိမိ၏လူမျိုးတော်ကို တောကန္တာရတွင် ပို့ဆောင်တော်မူသောအရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်သည် မောရှေနှင့်အာရုန်တို့လက်ဖြင့် မိမိ၏လူမျိုးတော်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူ၏။
သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို သိုးများကဲ့သို့ထုတ်ဆောင်ပြီး တောကန္တာရထဲ၌ သူတို့ကို သိုးအုပ်ကဲ့သို့ ပို့ဆောင်တော်မူ၏။
သင်တို့သည် လက်ယာဘက်၊ သို့မဟုတ် လက်ဝဲဘက်သို့ လှည့်သောအခါ “ဤလမ်းသည် မှန်၏။ ဤလမ်းအတိုင်း သွားလော့”ဟု သင်တို့နောက်၌ပြောသောစကားကို သင်တို့၏နားဖြင့် ကြားကြရမည်။
ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင့်ကိုရွေးနုတ်သောထာဝရဘုရားက “ငါသည် သင့်အကျိုးအတွက် သွန်သင်ပေးသောအရှင်၊ သင်သွားသောလမ်းတွင် သင့်ကိုပို့ဆောင်ပေးသောအရှင်၊ သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ယုဒပြည်၊ ယုဒမြို့ရွာအားလုံးတွင် လယ်လုပ်သူများ၊ သိုးအုပ်ကို ထိန်းကျောင်းသူများ အတူတကွနေထိုင်ကြလိမ့်မည်။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “လမ်းများ၌ရပ်၍ ကြည့်ကြလော့။ ရှေးလမ်းဟောင်းကို ရှာဖွေလျက် ကောင်းသောလမ်းအဘယ်မှာရှိသနည်းဟု မေးမြန်း၍ ထိုလမ်းကိုလိုက်လျှင် သင်တို့၏စိတ်ဝိညာဉ် သက်သာရာရလိမ့်မည်။ သို့သော် သူတို့က ‘ထိုလမ်းသို့ ငါတို့မလိုက်’ဟု ဆိုကြ၏။
ကိန်းဝပ်တော်မူရာတဲတော်အပေါ်၌ မိုးတိမ်သည် နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်ဖြစ်စေ တည်နေသောအခါလည်း ရှိ၏။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ခရီးမပြုဘဲ စခန်းချကြ၏။ မိုးတိမ်ကွာသောအခါမှ ခရီးပြုကြ၏။
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။
သို့သော် သင်တို့သည် ဇိအုန်တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသောဘုရားသခင်၏မြို့တော်တည်းဟူသော အထက်ကောင်းကင်အရပ်ရှိ ဂျေရုဆလင်မြို့သို့လည်းကောင်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့စုဝေးရာအခမ်းအနားသို့လည်းကောင်း၊
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။
အကြောင်းမူကား ဖြောင့်မတ်ခြင်းလမ်းကိုသိလျက်နှင့် မိမိတို့ထံပေးအပ်ထားသည့် သန့်ရှင်းသောပညတ်တော်ကို ကျောခိုင်းသည်ထက် ၎င်းကိုမသိခဲ့လျှင် သူတို့အတွက် သာ၍ကောင်း၏။