ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
ဆာလံ 107:20 - မြန်မာ့စံမီသမ္မာကျမ်း မိမိ၏နှုတ်ကပတ်တော်ကိုစေလွှတ်၍ သူတို့ကိုကျန်းမာစေတော်မူပြီး သူတို့ကို ပျက်စီးခြင်းတွင်းထဲမှ လွတ်မြောက်စေတော်မူ၏။ Common Language Bible ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အား ရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။ Garrad Bible အ မိန့် တော် ထုတ် ဆင့် သ ဖြင့်၊ သူ တို့ အ နာ ကို ငြိမ်း စေ လျက်၊ ပျက် စီး ရာ တွင်း ထဲ မှ ကယ် လွှတ် တော် မူ ၏။ Judson Bible နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နုတ်ယူတော်မူ၏။ |
ကိုယ်တော်သည် မိမိ၏မိန့်တော်မူချက်ကို ကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူ၏။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် လျင်မြန်စွာပြေးတတ်၏။
ကိုယ်တော်သည် စိတ်နှလုံးကျိုးပဲ့သောသူတို့ကို ကျန်းမာစေ၍ သူတို့၏ဒဏ်ရာများကို ပတ်စည်းပေးတော်မူ၏။
ထာဝရဘုရား၏သန့်ရှင်းသူတို့၊ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏သန့်ရှင်းသောနာမတော်အတွက် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
သို့သော် ဘုရားသခင်သည် ငါ့ကိုခေါ်ယူတော်မူမည်ဖြစ်သောကြောင့် ငါ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။(စေလာ)
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်တော်မူပြီ။ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌ အသက်၏အလင်းထဲတွင် လျှောက်လှမ်းနိုင်ရန် အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းနှင့် ကင်းစေတော်မူသည်မဟုတ်လော။
တပ်မှူးက “သခင်ဘုရား၊ အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။
ယေရှုသည် သူ့ကိုမြင်လျှင် အထံတော်သို့ခေါ်၍“အချင်းမိန်းမ၊ သင်သည် သင်၏နာမကျန်းဖြစ်ခြင်းမှ လွတ်မြောက်ပြီ”ဟု မိန့်တော်မူပြီးလျှင်