ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ဆာလံ 107:12 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ကိုယ်တော်သည် အခက်အခဲပြဿနာအားဖြင့် သူတို့၏စိတ်နှလုံးကိုချိုးနှိမ်တော်မူ၏။ သူတို့လဲကျသောအခါ ကူညီမစမည့်သူမရှိပေ။ Common Language Bible သူတို့သည်ပင်ပန်းစွာအလုပ်လုပ်ရကြသဖြင့် အားအင်ကုန်ခန်းရကြ၏။ လဲကျသော်လည်းသူတို့အားထူမမည့်သူ တစ်စုံတစ်ယောက်မျှမရှိ။ Garrad Bible ထောက် မ သူ မ ရှိ ဘဲ၊ တိုက် လဲ သည့် တိုင် အောင်၊ အ လုပ် အ ကိုင် ဖြင့် နှိမ့် ချ တော် မူ ခြင်း ခံ ရ သူ တို့ သည်၊ အ ကျဉ်း အ ကျပ် သို့ ရောက် သ ဖြင့်၊ ထာ ဝ ရ ဘု ရား ထံ အော် ဟစ် ကြ သော်၊ Judson Bible ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူမရှိဘဲ၊ |
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
ထိုသို့ သက်ကြီးဝါကြီးတို့အား ပြောဆိုနေစဉ် တမန်သည် သူတို့ထံရောက်လာ၍ ဧလိရှဲက “ဤကပ်ဘေးသည် ထာဝရဘုရားထံတော်မှ လာခြင်းဖြစ်၏။ အဘယ်ကြောင့် ထာဝရဘုရားကို စောင့်နေရဦးမည်နည်း”ဟု ဆို၏။
အကျွန်ုပ်တို့၏အပြစ်များကြောင့် အကျွန်ုပ်တို့ကိုအုပ်ချုပ်ရန် ကိုယ်တော်ခန့်ထားတော်မူသောရှင်ဘုရင်တို့သည် ဤပြည်ထွက်သီးနှံများကို အလျှံအပယ်စားသုံးနေကြရပါ၏။ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏တိရစ္ဆာန်တို့ကို အလိုရှိသည့်အတိုင်း ခိုင်းစေကြပါ၏။ အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခအကြီးအကျယ်ခံရပါ၏”ဟု ဆိုကြ၏။
ဘုရားသခင်သည် အမျက်ကို ပြန်ထိန်းတော်မူမည်မဟုတ်။ ရာဟပ်အား ကူညီသူတို့ပင် ခြေတော်အောက်၌ ပြားပြားဝပ်ကြရ၏။
လက်ယာဘက်သို့ကြည့်၍ သိမြင်တော်မူပါ။ အကျွန်ုပ်ကိုအသိအမှတ်ပြုသူ တစ်စုံတစ်ဦးမျှမရှိပါ။ အကျွန်ုပ်ထွက်ပြေးစရာလမ်းလည်းမရှိပါ။ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဂရုစိုက်သူလည်းမရှိပါ။
အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် နီးကပ်လာပါပြီ။ ကူညီမစမည့်သူလည်းမရှိပါ။
ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။
‘ငါတို့ ဖြတ်သွားမည်။ ဝပ်နေလော့’ဟု ဆိုကြသဖြင့် ဖြတ်သွားသောသူတို့အတွက် သင်သည် သင့်ကျောကုန်းကို မြေပြင်သဖွယ်၊ လမ်းသဖွယ်ခင်းပေးခဲ့ရ၏။ ထိုသို့ သင့်ကို အနိုင်ကျင့်ခဲ့သောသူတို့လက်ထဲသို့ ထိုဖလားကို ငါထည့်မည်”ဟု မိန့်တော်မူ၏။
ယခု ငါဘာပြုရမည်နည်း။ ငါ့လူမျိုးတော်ကို အကြောင်းမဲ့ ခေါ်ဆောင်သွားကြပြီ။ သူတို့ကိုအုပ်စိုးသောသူတို့သည် ဟစ်ကြွေးကြ၏။ ငါ့နာမကို တစ်နေ့လုံး မထီလေးစားပြုကြ၏။
ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။
“အကျွန်ုပ်အား ဖိလိတ္တိလူမျိုးတို့နှင့်အတူ သေခွင့်ပြုတော်မူပါ”ဟု ဆိုလျက် အားကုန်တွန်းချလိုက်ရာ ဝတ်ကျောင်းကြီးသည် ဖိလိတ္တိမင်းတို့အပါအဝင် လူအားလုံးတို့အပေါ် ပြိုကျလေ၏။ ဤသို့ဖြင့် ရှံဆုန်သည် သေခါနီးလူသတ်ခဲ့သည်မှာ ရှေ့ပိုင်းအသက်ရှင်စဉ်တွင်လူသတ်ခဲ့သည်ထက် ပို၍များပြားလေ၏။