သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
ဆာလံ 106:9 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပင်လယ်နီကို ဆုံးမတော်မူရာ ၎င်းသည်ခန်းခြောက်လေ၏။ ထို့နောက် တောကန္တာရကိုဖြတ်သကဲ့သို့ နက်ရှိုင်းသောရေထုကို ဖြတ်၍ သူတို့ကိုပို့ဆောင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။ Garrad Bible ပင် လယ် နီ ကို ဆုံး မ တော် မူ၍ ခန်း ခြောက် ရာ၊ သဲ က န္တာ ရ လမ်း ကဲ့ သို့၊ နက် ရှိုင်း ရာ တစ် လျှောက် ပို့ ဆောင် ခြင်း၊ Judson Bible ဧဒုံပင်လယ်ကိုဆုံးမတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာအရပ်၌ သူတို့ကို ပို့ဆောင်တော်မူ၏။ |
သူတို့ရှေ့၌ပင် ကိုယ်တော်သည် ပင်လယ်ကိုခွဲတော်မူ၍ ပင်လယ်အလယ် ခြောက်သွေ့သောမြေပေါ်တွင် သူတို့ကို ဖြတ်ကူးစေ၏။ သူတို့ကို လိုက်သောသူတို့အား ကျောက်တုံးကို ရေနက်ထဲပစ်ချသကဲ့သို့ ပင်လယ်နက်ထဲသို့ပစ်ချတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ကိုယ်တော်သည် ပင်လယ်ကို ကုန်းမြေအဖြစ်သို့ပြောင်းလဲစေတော်မူ၏။ လူတို့သည် မြစ်ကိုခြေကျင်ဖြတ်ကူးကြ၏။ ထိုအရပ်တွင် ငါတို့သည် ကိုယ်တော်၌ ဝမ်းမြောက်ကြ၏။
ပင်လယ်ကိုခွဲ၍ သူတို့ကိုဖြတ်သွားစေတော်မူ၏။ ရေများကို တာတမံကဲ့သို့ မတ်မတ်တည်စေတော်မူ၏။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
အလွန်နက်ရှိုင်းသောပင်လယ်ရေထုကိုခန်းခြောက်စေသောသူ၊ ရွေးနုတ်ခံရသောသူများဖြတ်ကူးနိုင်ရန် နက်ရှိုင်းသောပင်လယ်ကို လမ်းဖြစ်စေသောသူကား ကိုယ်တော်ပင်မဟုတ်လော။
ပင်လယ်ကို ဆုံးမပြီး ခြောက်သွေ့စေတော်မူ၏။ ရှိသမျှသောမြစ်တို့ကိုလည်း ခန်းခြောက်စေတော်မူ၏။ ဗာရှန်ပြည်နှင့် ကရမေလတောင်တို့သည် ခြောက်သွေ့၍ လက်ဘနွန်တောင်ရှိပန်းများလည်း ညှိုးနွမ်းကြပါ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။