မိမိတို့အတွက် ထောင်ချောက်ဖြစ်စေမည့် ထိုသူတို့၏ရုပ်တုများကိုလည်း ဝတ်ပြုကြပြီး
ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
ညွှတ် ကွင်း အ ဖြစ် မိ ကြ ရာ၊ ရုပ် ပွား များ ကို ဝတ် ပြု သည့် ပြင်၊
သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း၌ ကျော့မိကြ၏။
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် သူတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးလက်အောက်မှ ထုတ်ဆောင်လာခဲ့သောမိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားသောဘုရားများကို ကိုးကွယ်ကြ၏။
သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်ကိုအမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်ကိုသဝန်တိုစေကြ၏။
သူတို့ကို သင်၏ပြည်၌ နေထိုင်ခွင့်မပြုရ။ နေထိုင်ခွင့်ပြုလျှင် သင်သည် ငါ့ကိုပြစ်မှားမည့်အကြောင်း သူတို့ပြုလိမ့်မည်။ သူတို့၏ဘုရားများကိုဝတ်ပြုလျှင် သူတို့သည် သင်တို့၌ ထောင်ချောက်အမှန်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ လူတို့က ‘သူတို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်လာသောအခါ သူတို့နှင့်ဖွဲ့တော်မူခဲ့သည့် ပဋိညာဉ်ကို သူတို့စွန့်ပယ်သောကြောင့်လည်းကောင်း၊
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့ရှေ့မှ ထပ်၍နှင်ထုတ်ပေးတော့မည်မဟုတ်ကြောင်း ဧကန်သိမှတ်ကြလော့။ သင်တို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ဤသာယာဝပြောသောပြည်ပေါ်၌ သင်တို့ပျက်စီးသွားသည်အထိ ထိုလူမျိုးတို့သည် သင်တို့အဖို့ ကျော့ကွင်း၊ ထောင်ချောက်၊ သင်တို့၏ကျောကုန်းပေါ်၌ နှင်တံ၊ မျက်စိထဲ၌ ဆူး ဖြစ်လိမ့်မည်။
တစ်ဖန် အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြုကြပြန်၏။ သူတို့သည် ထာဝရဘုရားကို ဝတ်မပြု၊ ထာဝရဘုရားကို စွန့်ပယ်၍ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ဆီးရီးယားဘုရား၊ ဆီဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြုကြ၏။
သို့သော် သူတို့သည် တရားသူကြီးတို့၏စကားကို နားမထောင်၊ အခြားဘုရားများကို ရှိခိုးကိုးကွယ်လျက် ဖောက်ပြန်မှားယွင်းကြ၏။ ဘိုးဘေးတို့ နာခံလိုက်လျှောက်ခဲ့ကြသောထာဝရဘုရား၏ပညတ်တရားလမ်းမှ အလျင်အမြန်လမ်းလွဲသွားကြ၏။ ထိုလမ်းအတိုင်း မလိုက်လျှောက်ကြ။
သို့သော် ထိုတရားသူကြီး သေလွန်သွားသောအခါ သူတို့သည် အခြားဘုရားများဘက်သို့ပြန်လှည့်၍ ထိုဘုရားများနောက်သို့လိုက်လျက် ထိုဘုရားများကို ဝတ်ပြုကိုးကွယ်ကြပြန်၏။ ဘိုးဘေးတို့ထက် သာ၍အကျင့်ပျက်ပြားကြ၏။ သူတို့၏အကျင့်စရိုက်၊ ဆိုးညစ်သောအပြုအမူများကို မစွန့်ပစ်ကြ။
ထို့ကြောင့် ‘ထိုပြည်သားတို့ကို သင်တို့၏ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့၏နံဘေး၌ ဆူးကဲ့သို့ဖြစ်လိမ့်မည်။ သူတို့၏ဘုရားတို့သည်လည်း သင်တို့၌ ထောင်ချောက်ကဲ့သို့ဖြစ်လိမ့်မည်’ဟု ငါဆိုပြီ”ဟူ၍ မိန့်ဆို၏။