သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ဆာလံ 105:43 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ထုတ်ဆောင်တော်မူ၏။ Common Language Bible သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။ Garrad Bible လူ မျိုး တော် ကို ရွှင် လန်း ခြင်း နှင့် လည်း ကောင်း၊ ရွေး ချယ် သူ တို့ ကို သီ ဆို ခြင်း နှင့် လည်း ကောင်း၊ ထုတ် ဆောင် တော် မူ ပြီး လျှင်၊ Judson Bible ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အီဂျစ်ဘုရင်ဖာရောမင်းကြီး၏စိတ်နှလုံးကိုမာကျောစေသဖြင့် သူသည် ဝင့်ကြွားစွာဖြင့်ထွက်သွားကြသော အစ္စရေးအမျိုးသားတို့နောက်သို့လိုက်လေ၏။
ထာဝရဘုရား ရွေးနုတ်ကယ်တင်တော်မူသောသူတို့သည် ပြန်လာကြမည်။ သီချင်းဆိုလျက် ဇိအုန်မြို့ထဲသို့ ဝင်လာကြမည်။ သူတို့၏ခေါင်းပေါ်၌ ဝမ်းမြောက်ခြင်းသရဖူကို အစဉ်အမြဲဆောင်းကြရမည်။ ဝမ်းနည်းခြင်း၊ ညည်းတွားခြင်းသည် ထွက်ပြေးသွား၍ ရွှင်မြူးခြင်း၊ ဝမ်းမြောက်ခြင်းကို ရရှိကြမည်။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
အစ္စရေးလူမျိုး၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍ အီဂျစ်ပြည်၌ ဧည့်သည်အဖြစ်နေထိုင်စဉ် ဤလူမျိုးတော်ကို ချီးမြှောက်တော်မူ၏။ ထို့နောက် အားကြီးသောလက်ရုံးတော်အားဖြင့် သူတို့ကို ထိုတိုင်းပြည်မှ ထုတ်ဆောင်တော်မူပြီး
သူသည် အစ္စရေးလူမျိုးတို့ကိုထုတ်ဆောင်လာ၍ အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ အနှစ်လေးဆယ်တိုင်တိုင် တောကန္တာရ၌လည်းကောင်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကိုပြုခဲ့၏။
ငါသည် မောရှေနှင့်အာရုန်ကိုစေလွှတ်၍ အီဂျစ်ပြည်၌ ဘေးအမျိုးမျိုးကျရောက်စေခြင်းအားဖြင့် ဒဏ်ခတ်ပြီးနောက် သင်တို့ကို ထုတ်ဆောင်ခဲ့၏။
ငါသည် သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ သင်တို့ကိုညှဉ်းဆဲသောသူအပေါင်းတို့လက်မှလည်းကောင်း ကယ်နုတ်ခဲ့၏။ ထိုသူတို့ကို သင်တို့ရှေ့မှနှင်ထုတ်၍ သူတို့၏ပြည်ကို သင်တို့အား ငါပေး၏။