ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
ဆာလံ 105:22 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ဉာဏ်ပညာရှိစေရန် အတွက်ဖြစ်၏။ Common Language Bible သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။ Garrad Bible အ ရာ တော် ဝန် အ ဖြစ် ခန့် ထား လေ ၏။ Judson Bible မှူးတော်မတ်တော်တို့ကို ဆုံးမပိုင်သောအခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။ |
ထို့ကြောင့် အရှင်ဖာရောမင်းကြီး၊ အသိဉာဏ်ရှိသောသူ၊ ပညာရှိသောသူကိုရှာပြီးလျှင် အီဂျစ်ပြည်ကိုအုပ်စိုးရန် ထိုသူကိုခန့်ထားပါလော့။
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
ထို့ပြင် ဖာရောမင်းကြီးက ယောသပ်အား “ငါသည် ဖာရောမင်းကြီးဖြစ်၏။ သို့သော်လည်း သင်ခွင့်မပြုလျှင် အီဂျစ်ပြည်တစ်ပြည်လုံးရှိ လူတစ်စုံတစ်ယောက်မျှ မိမိလက်၊ မိမိခြေကိုမကြွရ”ဟု မိန့်ဆိုလေ၏။
အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။