ကိုယ်တော်ဆုံးမတော်မူသောအခါ ထွက်ပြေးသွားပါ၏။ မိုးချုန်းသံနှင့်တူသောအသံတော်ကြောင့် အလျင်အမြန်ထွက်ပြေးသွားပါ၏။
ကိုယ်တော်ရှင်ဆုံးမတော်မူလိုက်သောအခါ ရေတို့သည်ပြေးသွားကြပါ၏။ ရေတို့သည်ကိုယ်တော်ရှင်၏မိုးချုန်းသံကို ကြားသောအခါလျင်မြန်စွာစီးဆင်းသွား ကြပါ၏။
ဆုံး မ တော် မူ သော မိုး ချုန်း သံ ကြောင့်၊ အ လန့် တ ကြား ပြေး သွား ၍၊ တောင် များ ကို ဆန် လျက်၊
တစ်ဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုးချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။
ဘုရားသခင်သည် နောဧမှစ၍ သူနှင့်အတူသင်္ဘောထဲ၌ရှိသော တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အောက်မေ့တော်မူ၏။ ဘုရားသခင်သည် မြေကြီးပေါ်မှာလေတိုက်စေတော်မူသဖြင့် ရေသည် လျော့ကျသွားလေ၏။
ကိုယ်တော်သည် ပင်လယ်နီကို ဆုံးမတော်မူရာ ၎င်းသည်ခန်းခြောက်လေ၏။ ထို့နောက် တောကန္တာရကိုဖြတ်သကဲ့သို့ နက်ရှိုင်းသောရေထုကို ဖြတ်၍ သူတို့ကိုပို့ဆောင်တော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏ဆုံးမခြင်းနှင့် နှာခေါင်းတော်ထဲမှ ရှူထုတ်သောလေကြောင့် ပင်လယ်ကြမ်းပြင်များ ပေါ်လာ၍ ကမ္ဘာကြီး၏အောက်ခြေတို့သည် ဟင်းလင်းပြင်ဖြစ်လေ၏။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊
ထိုအခါ ကိုယ်တော်သည်ထ၍ လေကိုဆုံးမကာ ပင်လယ်အား“တိတ်ဆိတ်ငြိမ်သက်လော့”ဟု မိန့်တော်မူရာ လေသည်ငြိမ်သဖြင့် အလွန်ငြိမ်သက်သာယာသွားလေ၏။