သူ၏အသားအရေသည် ကလေးအသားအရေကဲ့သို့ ဖြစ်လိမ့်မည်။ သူသည် ပျိုရွယ်စဉ်နေ့ရက်များကကဲ့သို့ ပြန်ဖြစ်လိမ့်မည်။
ဆာလံ 103:5 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ဘဝကို ကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝစေတော်မူသဖြင့် သင်၏ပျိုရွယ်မှုသည် လင်းယုန်ကဲ့သို့ အသစ်ပြုပြင်ခြင်းကိုခံရ၏။ Common Language Bible ကိုယ်တော်သည်ငါ့အားကောင်းချီးပေးတော်မူ သဖြင့် ငါသည်လင်းယုန်ငှက်ကဲ့သို့နုပျိုသန်စွမ်း လျက်ရှိ၏။ Garrad Bible ပျို ရွယ် စဉ် ကို လင်း ယုန် ကဲ့ သို့ တိုး စေ ခြင်း ပြု တော် မူ ၏။ Judson Bible သင့်ကိုအသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။ |
သူ၏အသားအရေသည် ကလေးအသားအရေကဲ့သို့ ဖြစ်လိမ့်မည်။ သူသည် ပျိုရွယ်စဉ်နေ့ရက်များကကဲ့သို့ ပြန်ဖြစ်လိမ့်မည်။
ကိုယ်တော်သည် သူတို့ကိုပေးတော်မူသောအခါ သူတို့သည် စုသိမ်းရကြပါ၏။ လက်တော်ကိုဖွင့်တော်မူသောအခါ သူတို့သည် ကောင်းသောအရာများနှင့် ပြည့်စုံကြွယ်ဝကြပါ၏။
အကြောင်းမူကား ကိုယ်တော်သည် ဆာငတ်သောစိတ်ဝိညာဉ်ကို ဝလင်စေ၍ ဆာလောင်မွတ်သိပ်သောစိတ်ဝိညာဉ်ကို ကောင်းသောအရာနှင့်ပြည့်စုံစေတော်မူ၏။
အကျွန်ုပ်၏ရန်သူတို့ရှေ့၌ ကိုယ်တော်သည် အကျွန်ုပ်အတွက်စားပွဲကို တည်ခင်းတော်မူ၏။ အကျွန်ုပ်၏ခေါင်းကို ဆီနှင့်လိမ်းတော်မူ၏။ အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။ ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
ထာဝရဘုရားကို စောင့်မျှော်သောသူတို့မူကား ခွန်အားသစ်နှင့်ပြည့်လိမ့်မည်။ သူတို့သည် လင်းယုန်ကဲ့သို့ အတောင်ပံဖြင့် အထက်သို့ပျံတက်ကြလိမ့်မည်။ ပြေးသောအခါ မောပန်းကြမည်မဟုတ်။ သွားလာသောအခါလည်း အားအင်ကုန်ခန်းကြမည်မဟုတ်။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
အကျွန်ုပ်အား မောရှေစေလွှတ်ခဲ့သောနေ့ကကဲ့သို့ပင် ယခု အကျွန်ုပ် သန်မာဆဲရှိပါ၏။ စစ်ချီထွက်ရန်၊ စစ်တိုက်ရန် ယခင်က ခွန်အားရှိသကဲ့သို့ ယခုလည်း ရှိပါ၏။