အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 103:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် သင်​၏​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​၍ သင်​၏​အနာရောဂါ​ရှိသမျှ​တို့​ကို ပျောက်ကင်း​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို ဖြေ​လွှတ်​တော်​မူ​၍ ငါ​၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​ကင်း​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ကိုယ် တော် သည် သင့် ဒု စ ရိုက် ရှိ သ မျှ ကို ဖြေ လွှတ်၍၊ အ နာ ရော ဂါ ရှိ သ မျှ ကို ကင်း ပျောက် စေ ခြင်း၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 103:3
27 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ဒါဝိဒ်​မင်းကြီး​က နာသန်​အား “​ထာဝရဘုရား​ကို ငါ​ပြစ်မှား​မိ​ပါ​ပြီ​”​ဟု ဆို​လျှင် နာသန်​က ဒါဝိဒ်​မင်းကြီး​အား “​ထာဝရဘုရား​သည် မင်းကြီး​အပြစ်​ကို ဖြေလွှတ်​တော်မူ​ပြီ​ဖြစ်၍ မင်းကြီး မ​သေ​ရ​ပါ​။


သို့သော် ကိုယ်တော်​သည် ခွင့်လွှတ်​တော်မူ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​ကို ကြောက်ရွံ့ရိုသေ​ကြ​ပါ​၏​။


ကိုယ်တော်​သည် အစ္စရေး​လူမျိုး​တို့​ကို သူ​တို့​၏​ဒုစရိုက်​ရှိသမျှ​တို့​ထဲမှ ရွေးနုတ်ကယ်တင်​တော်မူ​လိမ့်မည်​။


ကိုယ်တော်​သည် စိတ်နှလုံး​ကျိုးပဲ့​သော​သူ​တို့​ကို ကျန်းမာ​စေ​၍ သူ​တို့​၏​ဒဏ်ရာ​များ​ကို ပတ်စည်း​ပေး​တော်မူ​၏​။


အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော့်​ထံ အကူအညီ​အော်ဟစ်​တောင်းခံ​ရာ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကျန်းမာ​စေ​တော်မူ​၏​။


“​သူ​၌ ဆိုးညစ်​သော​အရာ​စွဲကပ်​နေ​သည်​ဖြစ်၍ သူ​သည် လဲလျောင်း​ရာ​မှ နောက်တစ်ဖန်​ပြန်​ထ​နိုင်​မည်​မ​ဟုတ်​”​ဟု ဆို​ကြ​၏​။


အကြောင်းမူကား အို ဘုရားရှင်​၊ ကိုယ်တော်​သည် ကောင်းမြတ်​၍ ခွင့်လွှတ်​တော်မူ​တတ်​၏​။ ကိုယ်တော်​ကို​ခေါ်​သော​သူ​အပေါင်း​တို့​အပေါ်​၌​လည်း မေတ္တာကရုဏာ​တော်​ကြွယ်ဝ​တော်မူ​၏​။


ထာဝရဘုရား​က “​သင်​၏​ဘုရားသခင် ထာဝရဘုရား​၏​စကား​ကို သေချာ​စွာ​နားထောင်​၍ မျက်မှောက်​တော်​၌ ဖြောင့်မှန်​စွာ​ပြုမူ​လျှင်​လည်းကောင်း​၊ ပညတ်တော်​တို့​ကို​စူးစိုက်​နားထောင်​၍ ပြဋ္ဌာန်း​တော်မူ​ချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​လည်းကောင်း ငါ​သည် အီဂျစ်​လူမျိုး​တို့​အပေါ်​သို့​ကျရောက်​စေ​ခဲ့​သော​အနာရောဂါ​တစ်စုံတစ်ခု​မျှ သင့်​အပေါ်​သို့ ကျရောက်​စေ​မည်​မ​ဟုတ်​။ အကြောင်းမှာ ငါ​ထာဝရဘုရား​သည် သင်​၏​အနာရောဂါ​ကို ပျောက်ကင်း​စေ​သော​အရှင်​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


မျိုးဆက်​အထောင်​အသောင်း​တို့​အား မေတ္တာကရုဏာ​ထား​၍ ကျူးလွန်​သော​ဒုစရိုက်​အပြစ်​တို့​ကို​ခွင့်လွှတ်​သော်လည်း အပြစ်ဒဏ်​မ​ခတ်​ဘဲ​မ​နေ​။ ဖခင်​တို့​၏​အပြစ်​ကို သား​မြေး​တို့​အပေါ် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် အပြစ်ဒဏ်​ကျရောက်​စေ​သော​ဘုရား​ဖြစ်​သည်​”​ဟု မြွက်ဆို​တော်မူ​၏​။


မြို့သူမြို့သား​တစ်​ဦး​မျှ “​ငါ​ဖျားနာ​၏​”​ဟု ပြော​မည်​မ​ဟုတ်​။ ထို​မြို့​၌ နေထိုင်​သော​လူ​တို့​သည် အပြစ်​လွတ်ခွင့်​ရ​ကြ​လိမ့်မည်​။


ကြည့်ရှု​လော့​။ အကျွန်ုပ်​ခံစား​ရ​သော​ဒုက္ခဝေဒနာ​သည် အကျွန်ုပ်​ကောင်း​ဖို့​ဖြစ်​ပါ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ပျက်စီး​ခြင်း​တွင်း​ထဲမှ နုတ်ယူ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​အပြစ်​ရှိသမျှ​တို့​ကို နောက်​တော်​သို့ ပစ်လိုက်​တော်မူ​ပြီ​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သူ​သည် ငါ​တို့​ကျူးလွန်​သော​အပြစ်​များ​အတွက် ထိုးဖောက်​ခြင်း​ခံရ​၏​။ ငါ​တို့​၏​ဒုစရိုက်​များ​အတွက် ချိုးဖဲ့ခြေမွှ​ခြင်း​ခံရ​၏​။ ငါ​တို့​အတွက် ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်စေ​သော ဆုံးမ​ခြင်း​သည် သူ့​အပေါ်​ကျရောက်​၍ သူ​ခံရ​သော​ဒဏ်ရာဒဏ်ချက်​အားဖြင့် ငါ​တို့​သည် အနာပျောက်ကင်း​လျက်​ရှိ​ကြ​၏​။


အို ထာဝရဘုရား အကျွန်ုပ်​ကို ကျန်းမာ​စေ​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကျန်းမာ​ပါ​လိမ့်မည်​။ အကျွန်ုပ်​ကို​ကယ်​တော်မူ​ပါ​။ သို့မှသာ အကျွန်ုပ် ကယ်တင်​ခြင်း​ခံရ​ပါ​လိမ့်မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​၏​ချီးမွမ်း​ရာ​ဖြစ်​တော်မူ​ပါ​၏​။


မောရှေ​က “​အို ဘုရားသခင်​၊ မိရိအံ​ကို ရောဂါပျောက်ကင်း​စေ​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ​အော်ဟစ်​တောင်းလျှောက်​လေ​၏​။


ယေရှု​သည် ထို​သူ​တို့​၏​ယုံကြည်​ခြင်း​ကို​မြင်​လျှင် လေဖြတ်​သော​သူ​အား“ငါ့​သား၊ သင်​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ခံရ​ပြီ”​ဟု မိန့်​တော်မူ​၏။


ဘုရားသခင်​၏​ကျေးဇူး​တော်​ကြွယ်ဝ​တော်မူ​သည်​နှင့်အညီ ငါ​တို့​သည် သား​တော်​၏​သွေး​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော ကျူးလွန်​သည့်​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ထို​သား​တော်​အားဖြင့်​ရရှိ​ကြ​၏။


ယုံကြည်​ခြင်း​ဖြင့်​တောင်းလျှောက်​သော​ဆုပတ္ထနာ​သည် လူနာ​ကို​ကျန်းမာ​စေ​၍ သခင်​ဘုရား​သည် သူ့​ကို​ထူမ​တော်မူ​လိမ့်မည်။ သူ​သည် အပြစ်​ကို​ပြု​မိ​ခဲ့​လျှင်​လည်း သူ့​ကို​ခွင့်လွှတ်​တော်မူ​လိမ့်မည်။