ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
ဆာလံ 103:16 - မြန်မာ့စံမီသမ္မာကျမ်း လေတိုက်ခတ်သောအခါ ထိုပန်းပွင့်သည် ပျောက်ကွယ်သွား၍ သူ့နေရာပင်လျှင် သူ့ကိုမသိတော့ပေ။ Common Language Bible လေတိုက်သောအခါပန်းပွင့်သည် ကြွေပျောက်၍သွားသဖြင့် ယင်းကိုနောက်တစ်ဖန်မတွေ့မမြင်ရတော့ပေ။ Garrad Bible လေ တိုက် သွား သော် ပ ပျောက်၍၊ နေ ရာ ရင်း၌ တွေ့ တော့ မည် မ ဟုတ်။ Judson Bible လေသည်လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တစ်ဖန် သူ့ကိုမသိရာ။ |
ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ ဘုရားသခင်သည် သူ့ကိုဆောင်ယူတော်မူသောကြောင့် သူသည်မရှိတော့ပေ။
လူမူကား သေသွားပြီးလျှင် ဆွေးမြည့်သွား၏။ အသက်ချုပ်ငြိမ်းပြီးလျှင် အဘယ်မှာရှိနိုင်တော့မည်နည်း။
သူ့ကို မြင်ဖူးခဲ့သူတို့သည် သူ့ကို နောက်ထပ်မြင်ရတော့မည်မဟုတ်။ သူ့နေရာကိုလည်း မြင်ရတော့မည်မဟုတ်။
အသံတစ်ခုက “ဟစ်ကြော်လော့”ဟု ဆိုလျှင် တစ်ယောက်က “မည်သည့်အရာကို ဟစ်ကြော်ရမည်နည်း”ဟု မေးသော် “လူအပေါင်းတို့သည် မြက်ပင်ဖြစ်ကြ၏။ သူတို့၏ကောင်းမြတ်ခြင်းရှိသမျှသည်လည်း ကွင်းပြင်၌ရှိသောပန်းပွင့်ကဲ့သို့ဖြစ်ကြ၏။
ထာဝရဘုရားအသက်ရှူထုတ်လိုက်သောအခါ မြက်ပင်သည် ခြောက်သွေ့၍ ပန်းပွင့်သည် ညှိုးနွမ်းသွား၏။ အကယ်စင်စစ် လူတို့သည် မြက်ပင်ဖြစ်ကြ၏။