သူသည် ရွာများတွင် ချုံခိုတိုက်ခိုက်ရန်ထိုင်စောင့်လျက် အပြစ်ကင်းသောသူကိုကွယ်ရာ၌ သတ်ဖြတ်တတ်၏။ သူ၏မျက်လုံးတို့သည် ခိုကိုးရာမဲ့သောသူကို ချောင်းမြောင်းတတ်၏။
သူသည်ရွာများတွင်ပုန်းအောင်းကာ အပြစ်မဲ့သူများကိုသတ်ဖြတ်တတ်၏။ ခိုကိုးရာမဲ့သူများကိုချောင်းမြောင်းနေတတ်၏။
ကျေး ရွာ များ တွင် ခို အောင်း လျက်၊ ပုန်း ကွယ် ရာ များ တွင်၊ အ ပြစ် ကင်း သူ့ ကို သတ် ဖြတ် လျက်၊ ခို ကိုး ရာ မဲ့ သူ့ ကို ချောင်း ကြည့် လျက် နေ ပါ ၏။
ရွာအနားတွင် ပုန်းနေရာအရပ်မှာထိုင်၍၊ အပြစ်မရှိသောသူကို ဆိတ်ကွယ်ရာအရပ်၌ သတ်တတ်ပါ၏။ ဆင်းရဲသောသူကို ချောင်းမြောင်းတတ်ပါ၏။
မနာရှေမင်းကြီးသည် ယုဒလူမျိုးတို့အား ထာဝရဘုရားရှေ့မှောက်တွင် မကောင်းမှုကိုပြု၍ပြစ်မှားရာရောက်စေခဲ့၏။ ဂျေရုဆလင်မြို့တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းအထိ အပြစ်ကင်းသောသူတို့၏အသက်ကိုသတ်သောအပြစ်များနှင့် များပြားပြည့်လျှံစေခဲ့၏။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
သူတို့သည် အကျွန်ုပ်တို့ကိုခြေရာခံ၍ ယခု အကျွန်ုပ်တို့ကိုဝိုင်းရံထားကြပြီး အကျွန်ုပ်တို့ကိုမြေကြီးပေါ်လှဲချရန် စောင့်ကြည့်နေကြပါ၏။
သူတို့သည် မုဆိုးမနှင့် တိုင်းတစ်ပါးသားကို သတ်ဖြတ်ကြပါ၏။ ဖတဆိုးတို့ကိုလည်း သတ်၍
အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
အဖိနှိပ်ခံရသောသူတို့ကို ကွယ်ရာ၌ ဝါးမျိုရသည်ကို အားရနှစ်သက်၍ အကျွန်ုပ်တို့ကိုကွဲလွင့်သွားအောင် လေပွေသဖွယ်တိုက်ခိုက်လာသောသူ၏စစ်သည်တို့ဦးခေါင်းကို သူ၏လှံဖြင့်ပင် ထိုးဖောက်တော်မူ၏။
ထို့နောက် သခင်ဘုရားသည် အခြားသောသူ အယောက်ခုနစ်ဆယ်တို့ကိုခန့်ထား၍ ကြွတော်မူရန်ကြံရွယ်ထားသော မြို့ရွာအရပ်ရပ်သို့ မိမိရှေ့မှနှစ်ဦးစီ၊ နှစ်ဦးစီ စေလွှတ်တော်မူ၏။
ထို့နောက် မကြာမီ ကိုယ်တော်သည် တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီးတစ်ရွာလှည့်လည်ကာ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူ၏။ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည်လည်း ကိုယ်တော်နှင့်အတူလိုက်ကြ၏။
ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းတိုက်ခိုက်ရန် တောင်ပေါ်တွင် လူစောင့်ချထားကြောင်း၊ လမ်းသွားလမ်းလာတို့ကို လုယက်တိုက်ခိုက်ကြောင်းကို အဘိမလက်လည်း ကြားသိ၏။
ထိုအခါ ရှင်ဘုရင်က ဒေါဂအား “လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်လော့”ဟု ဆိုလျှင် ဧဒုံအမျိုးသားဒေါဂသည် လှည့်၍ယဇ်ပုရောဟိတ်တို့ကို တိုက်ခိုက်၏။ ထိုနေ့ချင်းတွင် သူသည် ပိတ်ချောဧဖုဒ်ဝတ်ဆင်သူယဇ်ပုရောဟိတ် ရှစ်ဆယ့်ငါးပါးတို့ကို သတ်လေ၏။
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။