လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
ဂလာတိ 5:2 - မြန်မာ့စံမီသမ္မာကျမ်း နားထောင်ကြလော့။ ငါပေါလုက သင်တို့အားဆိုသည်ကား သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် ခရစ်တော်သည် သင်တို့အတွက် မည်သည့်အကျိုးမျှရှိမည်မဟုတ်။ Common Language Bible နားထောင်ကြလော့။ ငါပေါလုဆိုသည်ကား အကယ်၍ သင်တို့သည်အရေဖျားလှီးမင်္ဂလာ ကိုခံကြမည်ဆိုပါက ခရစ်တော်အားဖြင့် သင်တို့အဘယ်အကျိုးကိုမျှမရနိုင်ကြ။- Garrad Bible နား ထောင် ကြ ဦး။ ငါ ပေါ လု ဆို သည် ကား သင် တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ ယူ လျှင် ခ ရစ် တော် ကြောင့် အ ကျိုး မ ရှိ။ Judson Bible ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင်၊ ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နားထောင်ကြလော့။ ဖြောင့်မတ်ကြောင်း သတ်မှတ်ခံရရန် အရေပြားလှီးခြင်းမင်္ဂလာကို သင်တို့ခံယူလျှင် ခရစ်တော်အားဖြင့် မည်သည့်အကျိုးကိုမျှ သင်တို့ရကြမည်မဟုတ်ဟု ကျွန်ုပ်ပေါလုပြော၏။ |
လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
သင်တို့နှင့် လူချင်းတွေ့သောအခါ နှိမ့်ချ၍ ကွဲကွာနေစဉ် သင်တို့အပေါ် ရဲဝံ့ပြတ်သားစွာပြုမူတတ်သော ငါပေါလုသည် ခရစ်တော်၏နူးညံ့သိမ်မွေ့ခြင်းနှင့်ညင်သာခြင်းတို့ဖြင့် သင်တို့အား မေတ္တာရပ်ခံပါ၏။
ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
ထို့ကြောင့် ငါတို့သည် သင်တို့ထံသို့လာရန် အလိုရှိကြ၏။ ငါပေါလုသည် တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် အမှန်ပင်ကြိုးစားသော်လည်း စာတန်သည် ငါတို့ကို တားဆီးခဲ့၏။
ငါပေါလုသည် ပြန်လည်ပေးဆပ်ပါမည်ဟု ငါ့လက်ဖြင့်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်လည်း ငါ့အား အကြွေးတင်နေကြောင်းကို ငါမပြောလိုပါ။
ချစ်ခြင်းမေတ္တာအားဖြင့် သင့်အား တောင်းပန်ခြင်းအမှုကိုသာပြုပါ၏။ ဤသို့ အိုမင်းသူဖြစ်ပြီး ယခုမူကား ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားလည်းဖြစ်သည့် ငါပေါလုသည်
အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။