ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
ဂလာတိ 4:25 - မြန်မာ့စံမီသမ္မာကျမ်း ဟာဂရသည် အာရေဗျပြည်၌ရှိသော သိနာတောင်ကိုဆိုလို၍ လက်ရှိဂျေရုဆလင်မြို့နှင့်လည်း အလားတူ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မိမိ၏သားသမီးတို့နှင့်အတူ ကျွန်ခံနေရ၏။ Common Language Bible ဟာဂရသည်အာရေဗျပြည်တွင်ရှိသောသိန တောင်ကိုကိုယ်စားပြု၏။ သူသည်ယခုကျွန်ခံ နေရသောယေရုရှလင်နှင့်မြို့သူမြို့သားများ ကိုသရုပ်ဆောင်၏။- Garrad Bible ထို ဟာ ဂ ရ သည် အာ ရပ် ပြည် ရှိ သိ န တောင် ဖြစ် လျက် မြို့ သူ မြို့ သား နှင့် တ ကွ ကျွန် အ ဖြစ် နေ သော ယ ခု ကာ လ ယေ ရု ရှ လင် မြို့ ကို ဆောင်၏။ Judson Bible အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် အာရပ်ပြည်တွင် ရှိသော သိနာတောင်ကို ကိုယ်စားပြုပြီး ယခုလက်ရှိ ဂျေရုဆလင်မြို့နှင့် တူ၏။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိ၏ သားသမီးများနှင့် ကျွန်ခံနေရသောကြောင့် ဖြစ်၏။ |
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာအလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
“ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။
ငါ့ထက်အလျင်ဦးစွာ တမန်တော်ဖြစ်နှင့်သောသူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားဘဲ အာရေဗျပြည်သို့ ချက်ချင်းထွက်ခွာသွားပြီးလျှင် ဒမတ်စကပ်မြို့သို့ တစ်ဖန်ပြန်လာခဲ့၏။
ဤအကြောင်းအရာတို့သည် ပုံဆောင်ချက်များဖြစ်ကြ၏။ အကြောင်းမူကား ထိုမိန်းမနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကိုဆိုလို၏။ တစ်ပါးသည် သိနာတောင်မှဖြစ်၍ ကျွန်ကိုမွေးဖွား၏။ ထိုသူသည် ဟာဂရဖြစ်၏။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။
မောရှေက “ထာဝရဘုရားသည် သိနာတောင်မှ ကြွလာတော်မူ၏။ စိရတောင်မှ ထွန်းလင်းတော်မူ၏။ ပါရန်တောင်မှ ရောင်ခြည်လွှတ်တော်မူ၏။ လက်ယာလက်တော်၌ ဥပဒေသမီးပါလျက် သန့်ရှင်းသူအထောင်အသောင်းတို့နှင့် ကြွလာတော်မူ၏။
သင်တို့သည် တို့ထိစမ်းသပ်နိုင်သောတောင်တည်းဟူသော မီးတောက်လောင်ခြင်း၊ မှုန်မှိုင်းခြင်း၊ မှောင်မည်းခြင်း၊ မိုးသက်မုန်တိုင်း၊
တောင်များသည် ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ကြပါ၏။ သိနာတောင်ပင်လျှင် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် တုန်လှုပ်ရပါ၏။