ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
ဂလာတိ 4:23 - မြန်မာ့စံမီသမ္မာကျမ်း ကျွန်မ၏သားသည် သွေးသားဇာတိအရမွေးဖွားလာ၏။ လွတ်လပ်သောမိန်းမ၏သားမူကား ကတိတော်အရမွေးဖွားလာ၏။ Common Language Bible ကျွန်မနှင့်ရသောသားသည်သာမန်သဘာဝ အတိုင်းမွေးဖွားလာသူဖြစ်၏။ လွတ်လပ်သော မိန်းမနှင့်ရသောသားမူကားဘုရားသခင် ၏ကတိတော်အရမွေးဖွားလာသူတည်း။- Garrad Bible ကျွန် သိမ်း မ ယား တွင် ရ သော သား သည် ဇာ တိ အ လျောက်၊ ကျွန် မ ဟုတ် သော မ ယား တွင် ရ သော သား မူ ကား က တိ တော် ကြောင့် ဖြစ် ပွား ၏။ Judson Bible ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သားသည် ကတိတော်အားဖြင့် ဖွားသောသားဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်မ၏ သားသည် လူ့သဘာဝအရ မွေးဖွားလာသောသားဖြစ်ပြီး လွတ်လပ်သောမိန်းမ၏ သားမှာမူ ဘုရားသခင်၏ ကတိတော်အရ မွေးဖွားလာသောသား ဖြစ်၏။ |
ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။
ထိုနည်းတူ အမြုံဖြစ်သောစာရာသည်လည်း အသက်အရွယ်လွန်ပြီးသောအခါ ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကိုရရှိ၏။ အကြောင်းမူကား ကတိပေးတော်မူသောအရှင်သည် သစ္စာရှိသည်ဟုမှတ်ယူသောကြောင့်ဖြစ်၏။