ဂလာတိ 4:22 - မြန်မာ့စံမီသမ္မာကျမ်း22 အကြောင်းမူကား “အာဗြဟံ၌ သားနှစ်ဦးရှိ၏။ တစ်ဦးသည် ကျွန်မ၏သားဖြစ်ပြီး တစ်ဦးသည် လွတ်လပ်သောမိန်းမ၏သားဖြစ်၏”ဟု ရေးထား၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ထိုကျမ်းကအာဗြဟံတွင်သားနှစ်ယောက်ရှိ ကြောင်း၊ တစ်ယောက်သည်ကျွန်မနှင့်ရသောသား ဖြစ်၍အခြားတစ်ယောက်မှာလွတ်လပ်သော မိန်းမနှင့်ရသောသားဖြစ်ကြောင်းဖော်ပြပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible22 ကျမ်း ချက် ရှိ သည့် အ တိုင်း အာ ဗြ ဟံ၌ ကျွန် သိမ်း မ ယား တွင် တစ် ယောက်၊ ကျွန် မ ဟုတ် သော မ ယား တွင် တစ် ယောက် သား နှစ် ယောက် ရှိ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible22 ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတစ်ယောက်ကား၊ ကျွန်မ၏သားဖြစ်၏။ တစ်ယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ကျမ်းစာ၌ အာဗြဟံတွင် သားနှစ်ဦးရှိကြောင်း၊ တစ်ဦးသည် ကျွန်မဖြစ်သူ၏ သားဖြစ်ပြီး တစ်ဦးမှာ လွတ်လပ်သောမိန်းမဖြစ်သူ၏ သားဖြစ်ကြောင်း ဖော်ပြထား၏။ အခန်းကိုကြည့်ပါ။ |