ဂလာတိ 4:13 - မြန်မာ့စံမီသမ္မာကျမ်း ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။ Common Language Bible ပထမဆုံးအကြိမ်သင်တို့အားသတင်း ကောင်းကိုငါဟောပြောကြေညာရခြင်းမှာ ငါ၏ကျန်းမာရေးချို့တဲ့မှုကြောင့်ဖြစ် ကြောင်းသင်တို့သိကြ၏။- Garrad Bible သင် တို့ သည် ငါ့ အား အ ဓ မ္မ မှု မ ပြု ခဲ့ သည် သာ မ က သင် တို့ သိ ကြ သည့် အ တိုင်း ရုပ် ခ န္ဓာ ရော ဂါ ကြောင့် သ တင်း တော် မြတ် ကို သင် တို့ အား ငါ ဦး စွာ ကြား ပြော သည့် ကာ လ၊ Judson Bible ငါသည် ကိုယ်နာခြင်းရောဂါနှင့်တကွ၊ ဧဝံဂေလိတရားကို သင်တို့အား အထက်က ဟောပြောကြောင်းကို သင်တို့သိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပထမအကြိမ် သင်တို့အား သတင်းကောင်းကို ဟောပြောခဲ့ခြင်းမှာ ကျွန်ုပ် မကျန်းမာသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။ |
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ထို့နောက် သူတို့သည် ဖြူဂိပြည်နှင့်ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တရားကိုမဟောပြောရန် သန့်ရှင်းသောဝိညာဉ်တော်၏တားမြစ်ခြင်းကို ခံရကြ၏။
ငါသည် သင်တို့နှင့်အတူရှိစဉ်က အားနည်းလျက်၊ ကြောက်ရွံ့လျက်၊ အလွန်တုန်လှုပ်လျက်နေ၏။
အကြောင်းမူကား “ပေါလု၏စာများသည် လေးနက်၍ ဩဇာပါသော်လည်း လူကိုယ်တိုင်တွေ့ရသောအခါ သူသည် အားနည်း၍ သူ၏အဟောအပြောသည်လည်း အထင်ကြီးဖွယ်မရှိ”ဟု ဆိုသောသူရှိ၏။
ငါသည် ဝါကြွားရမည်ဆိုလျှင် ငါ၏အားနည်းခြင်းနှင့်ပတ်သက်သောအရာများကို ငါဝါကြွားမည်။
ငါသည် အဟောအပြောပိုင်း၌ ကျွမ်းကျင်မှုမရှိလျှင်ပင် အသိပညာပိုင်း၌မူကား ထိုသို့မဟုတ်ပေ။ ငါတို့သည် ဤအချက်ကို အရာရာ၌ နည်းအမျိုးမျိုးဖြင့် သင်တို့ထံ ထင်ရှားစေခဲ့ပြီ။
အကြောင်းမူကား ကိုယ်တော်သည် အားနည်းခြင်းထဲတွင် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံခဲ့ရသော်လည်း ဘုရားသခင်၏တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ထိုနည်းတူ ငါတို့သည်လည်း ကိုယ်တော်၌ အားနည်းကြသော်လည်း သင်တို့ရှေ့၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့ကိုခေါ်ယူတော်မူသောအရှင်ထံမှ ခြားနားသည့်ကောင်းမြတ်သောသတင်းဘက်သို့ ဤမျှလောက်အလျင်အမြန်လှည့်သွားကြသည်ကို ငါအလွန်အံ့ဩမိ၏။
ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။
ထိုသို့ ငါ၏ကိုယ်ကာယအခြေအနေသည် သင်တို့အတွက် စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သော်လည်း သင်တို့သည် ငါ့ကိုမထီမဲ့မြင်မပြု၊ ရွံရှာခြင်းလည်းမရှိဘဲ ဘုရားသခင်၏ကောင်းကင်တမန်ကဲ့သို့လည်းကောင်း၊ ခရစ်တော်ယေရှုကဲ့သို့လည်းကောင်း ငါ့ကိုလက်ခံကြ၏။
သင်တို့နှင့်အတူ ငါရှိနေစဉ်တွင်သာမဟုတ်ဘဲ အစဉ်အမြဲ ကောင်းသောရည်ရွယ်ချက်ဖြင့် အရေးတယူပြုခံရခြင်းသည် ကောင်းပေ၏။