သင်တို့၌ရှိသောယောက်ျားတိုင်းသည် ငါတို့ကဲ့သို့အရေဖျားလှီးခြင်းကိုခံသောသူ ဖြစ်မှသာလျှင် ငါတို့သည် သင်တို့နှင့်လိုက်လျောသဘောတူနိုင်မည်။
ဂလာတိ 4:12 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကိုတို့၊ ငါကဲ့သို့ဖြစ်ကြပါဟု သင်တို့အား ငါတောင်းပန်၏။ အဘယ်ကြောင့်ဆိုသော် ငါသည်လည်း သင်တို့ကဲ့သို့ဖြစ်ခဲ့၏။ သင်တို့သည် ငါ့အပေါ် မည်သည့်မတရားမှုကိုမျှ မပြုခဲ့ကြပေ။ Common Language Bible ညီအစ်ကိုတို့၊ သင်တို့သည်ငါကဲ့သို့ဖြစ်ကြရန် ငါတောင်းပန်၏။ ငါသည်သင်တို့ကဲ့သို့ပင်ဖြစ်၏။ သင်တို့သည်ငါ့အားအဘယ်သို့မျှမပြစ်မှား ခဲ့ကြ။- Garrad Bible ညီ အစ် ကို တို့၊ ငါ သည် သင် တို့ ကဲ့ သို့ ဖြစ် ခဲ့ သော ကြောင့် ငါ ကဲ့ သို့ သင် တို့ ဖြစ် ကြ မည့် အ ကြောင်း တောင်း ပန် ပါ ၏။ Judson Bible ညီအစ်ကိုတို့၊ သင်တို့ကဲ့သို့ငါဖြစ်၏။ ငါကဲ့သို့ သင်တို့ဖြစ်ကြလော့ဟု ငါတောင်းပန်၏။ သင်တို့သည် ငါ့ကို အလျှင်းမပြစ်မှားကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည်လည်း လူမျိုးခြားဖြစ်သော သင်တို့ကဲ့သို့ ဖြစ်လာခဲ့သည့်နည်းတူ သင်တို့သည်လည်း ပညတ်တရားလက်အောက်မှ လွတ်ခွင့်ရသော ကျွန်ုပ်ကဲ့သို့ ဖြစ်လာကြရန် ကျွန်ုပ်တောင်းပန်ပါ၏။ သင်တို့သည် ကျွန်ုပ်အပေါ် မပြစ်မှားခဲ့ကြ။ |
သင်တို့၌ရှိသောယောက်ျားတိုင်းသည် ငါတို့ကဲ့သို့အရေဖျားလှီးခြင်းကိုခံသောသူ ဖြစ်မှသာလျှင် ငါတို့သည် သင်တို့နှင့်လိုက်လျောသဘောတူနိုင်မည်။
ထို့ပြင် ယောရှဖတ်မင်းကြီးကိုလည်း “ရာမုတ်ဂိလဒ်မြို့ကို သွားတိုက်မည်။ သင်သည် အကျွန်ုပ်နှင့်အတူ လိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏”ဟု ပြန်ပြော၏။
သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။
ကောရိန္သုမြို့သားတို့၊ ငါတို့သည် သင်တို့အား ပွင့်ပွင့်လင်းလင်းပြောဆို၍ ငါတို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားလေပြီ။
သို့ဖြစ်၍ သင်တို့သည်လည်း တုံ့ပြန်သောအားဖြင့် သင်တို့၏စိတ်နှလုံးကို ကျယ်စွာဖွင့်ထားကြလော့ဟု ကိုယ့်သားသမီးများအားပြောသကဲ့သို့ ငါပြော၏။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
သင်တို့အတွက် ငါကြိုးစားလုပ်ဆောင်ခဲ့သောအရာသည် အကြောင်းတစ်စုံတစ်ခုကြောင့် အချည်းနှီးဖြစ်ပြီလောဟု သင်တို့အတွက် ငါစိုးရိမ်၏။
ပထမအကြိမ် သင်တို့အား ကောင်းမြတ်သောသတင်းကို ငါဟောပြောရခြင်းမှာ ကိုယ်ကာယနာမကျန်းသောကြောင့်ဖြစ်သည်ကို သင်တို့သိကြ၏။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့၏စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသော။ အာမင်။