အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြေကြီး​ပေါ်၌​ရှိ​သော​အရာ​တို့​ကို မ​စွဲလမ်း​ဘဲ အထက်​အရပ်​၌​ရှိ​သော​အရာ​တို့​ကို စွဲလမ်း​ကြ​လော့။

အခန်းကိုကြည့်ပါ။

Common Language Bible

လော​က​တွင်​ရှိ​သော​အ​ရာ​တို့​ကို​စိတ်​မ​စွဲ လမ်း​ဘဲ အ​ထက်​ဘုံ​၌​ရှိ​သော​အ​ရာ​တို့​ကို စိတ်​စွဲ​လမ်း​ကြ​လော့။-

အခန်းကိုကြည့်ပါ။

Garrad Bible

မြေ ကြီး ဆိုင် ရာ များ ကို မ ဟုတ်။ အ ထက် အ ရာ များ ကို ဂ ရု ပြု ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

မြေ​ကြီး​ပေါ်​မှာ​ရှိ​သော အ​ရာ​တို့​ကို စွဲ​လမ်း​သော​စိတ် မ​ရှိ​ကြ​နှင့်။ အ​ထက်​အ​ရာ​တို့​ကို​သာ စိတ်​စွဲ​လမ်း​ခြင်း ရှိ​ကြ​လော့။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

မြေကြီး​ပေါ်​တွင် ရှိသော အရာများ​ကို မစွဲလမ်း​ဘဲ အထက်​အရပ်​၌ ရှိသော အရာများ​ကိုသာ စွဲလမ်းကြလော့။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 3:2
20 ပူးပေါင်းရင်းမြစ်များ  

ယခု သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​ပါ​လျက် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လော့​။ ထ​၍ ထာဝရဘုရား​အဖို့​သန့်ရှင်းရာဌာန​ကို တည်ဆောက်​ကြ​လော့​။ သို့မှ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​၊ ဘုရားသခင်​အဖို့ သန့်ရှင်း​သော​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​နာမ​တော်​တည်​ဖို့​ဆောက်လုပ်​ထား​သော​အိမ်​တော်​ထဲတွင် ထားရှိ​နိုင်​မည်​”​ဟု မိန့်မှာ​လေ​၏​။


ထို့ပြင် ငါ​၏​ဘုရားသခင့်​အိမ်​တော်​ကို မြတ်နိုး​လှ​သဖြင့် အထက်​က သန့်ရှင်း​သော​အိမ်​တော်​အဖို့ ငါ​ပြင်ဆင်​ပေး​ထား​သည့်​အရာ​အားလုံး​သာမက ငါ​ပိုင်ဆိုင်​သော​ရတနာ​ရွှေ​ငွေ​တို့​ကို​လည်း ငါ​၏​ဘုရားသခင့်​အိမ်​တော်​အဖို့ ပေးလှူ​ခဲ့​ပြီ​။


ဖိနှိပ်ချုပ်ချယ်မှု​ကို ယုံကြည်ကိုးစား​ခြင်း​မ​ပြု​ကြ​နှင့်​။ လုယက်မှု​အပေါ်​၌​လည်း အချည်းနှီး​မ​မျှော်လင့်​ကြ​နှင့်​။ ဥစ္စာပစ္စည်း​တိုးပွား​လျှင်လည်း ထို​အရာ​တို့​ကို စိတ်​စွဲလမ်း​ခြင်း​မ​ရှိ​ကြ​နှင့်​။


“​သူ​သည် ငါ့​ကို​ချစ်​သောကြောင့် ငါ​သည် သူ့​ကို​ကယ်တင်​မည်​။ ငါ​၏​နာမ​ကို​သိ​သောကြောင့် သူ့​ကို လုံခြုံ​စွာ​စောင့်ရှောက်​မည်​။


ထို​ချမ်းသာကြွယ်ဝမှု​ကို သင်​၏​မျက်စိ​ဖြင့် ဝေ့ကြည့်​လိုက်​သောအခါ ၎င်း​သည် ရှိ​တော့​မည်​မ​ဟုတ်​။ အကြောင်းမူကား ၎င်း​သည် ရုတ်တရက်​အတောင်​ပေါက်​၍ လင်းယုန်​ကဲ့သို့ ကောင်းကင်​သို့​ပျံသန်း​သွား​လိမ့်မည်​။


ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။


သို့သော် ကိုယ်တော်​သည်​လှည့်​၍ ပေတရု​အား“အချင်း​စာတန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည် ငါ့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​၏။ အကြောင်းမူကား သင်​သည် ဘုရားသခင်​နှင့်ဆိုင်သော​အရာ​များ​ကို မ​စွဲလမ်း​ဘဲ လူ​တို့​နှင့်ဆိုင်သော​အရာ​များ​ကို​သာ စွဲလမ်း​၏”​ဟု မိန့်​တော်မူ​၏။


ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။


ထို့နောက် လူ​တို့​အား“လောဘ​လွန်ကျူး​ခြင်း​အမျိုးမျိုး​ကို သတိပြု​၍​ရှောင်ကြဉ်​ကြ​လော့။ အကြောင်းမူကား လူ​၏​အသက်​သည် သူ​၏​ဥစ္စာ​ပစ္စည်း​ကြွယ်ဝ​မှု​အပေါ်၌​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်မူ၏။


သို့ဖြစ်၍ သင်​တို့​သည် မ​ဖြောင့်မတ်​သော​လောကီ​စည်းစိမ်​၌ သစ္စာ​မ​ရှိ​ကြ​လျှင် စစ်မှန်​သော​စည်းစိမ်​ကို မည်သူ​က သင်​တို့​၌ ယုံကြည်​အပ်နှံ​ထား​မည်နည်း။


သို့ဖြစ်၍ ငါ​သည် ဤ​နှစ်​ခု​ကြား​၌ အကျပ်ရိုက်​နေ​၏။ ငါ​သည် ဤ​ဘဝ​ကို​စွန့်ခွာ​၍ ခရစ်တော်​နှင့်အတူ​ရှိ​ရန် ဆန္ဒ​ရှိ​၏။ ထိုသို့​ဖြစ်​လျှင် များစွာ​သာလွန်​ကောင်းမွန်​၏။


သို့ဖြစ်၍ သင်​တို့​သည် ခရစ်တော်​နှင့်အတူ​ထမြောက်​ကြ​သည်​ဆိုလျှင် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ထိုင်​တော်မူ​သော​ခရစ်တော်​ရှိ​ရာ အထက်​အရပ်​၌​ရှိ​သည့်​အရာ​များ​ကို ရှာဖွေ​ကြ​လော့။


ထို့ကြောင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ညစ်ညူး​ခြင်း၊ ကိလေသာ​ပြင်းပြ​ခြင်း၊ ဆိုးယုတ်​သော​တပ်မက်​ခြင်း​နှင့် ရုပ်တု​ကိုးကွယ်​ခြင်း​တည်းဟူသော လောဘ​လွန်ကျူး​ခြင်း စသည့်​မြေကြီး​နှင့်ဆိုင်သော​ကိုယ်အင်္ဂါ​များ​ကို သေ​စေ​ကြ​လော့။