ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
ကောလောသဲ 2:5 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။ Common Language Bible ငါသည်ခန္ဓာအားဖြင့်သင်တို့နှင့်ဝေးကွာ သော်လည်းစိတ်အားဖြင့်သင်တို့နှင့်အတူရှိ၏။ သင်တို့သည်တစ်လုံးတစ်စည်းတည်းရှိ၍ ခရစ် တော်ကိုမြဲမြံခိုင်မာစွာယုံကြည်လျက်နေ ကြသည်ကိုတွေ့ရသဖြင့်ငါဝမ်းမြောက်၏။ Garrad Bible ရုပ် ခ န္ဓာ ဝေး ကွာ လျက် စိတ် ဝိ ညာဉ် ရောက် ရှိ သ ဖြင့် သင် တို့ သေ ဝပ် ကြ သည် ကို လည်း ကောင်း၊ ခ ရစ် တော် အား တည် တံ့ စွာ ယုံ ကြည် ကြ သည် ကို လည်း ကောင်း၊ ကြည့် မြင်၍ ငါ ရွှင် လန်း၏။ Judson Bible ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကိုလည်းကောင်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည်ကိုလည်းကောင်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် လူကိုယ်တိုင် သင်တို့ထံ မရောက်နိုင်သော်လည်း စိတ်ကမူ ရောက်နေ၏။ သင်တို့သည် စည်းလုံး၍ ခရစ်တော်ကို ခိုင်မြဲစွာ ယုံကြည်ကြသည်ကို ကြားရသောကြောင့် ကျွန်ုပ်ဝမ်းမြောက်၏။ |
ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။
အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
ဘုရားသခင်ရှေ့တော်၌နောင်တရခြင်း၊ ငါတို့၏သခင်ယေရှုကိုယုံကြည်ခြင်းအကြောင်းတို့ကို ဂျူးလူမျိုးနှင့်ဂရိလူမျိုး နှစ်မျိုးစလုံးတို့အား သက်သေခံခဲ့၏။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့်မဟုတ်ဘဲ လူချင်း သင်တို့နှင့် ခေတ္တခဏခွဲခွာနေရသော်လည်း သင်တို့၏မျက်နှာကိုပြန်တွေ့နိုင်ရန် အလွန်တောင့်တ၍ အထူးကြိုးစားကြ၏။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် ထိုမာရ်နတ်ကို တားဆီးကြလော့။ ကမ္ဘာပေါ်၌ရှိသော သင်တို့၏ညီအစ်ကိုများသည်လည်း ထိုကဲ့သို့သောဒုက္ခဝေဒနာများကို ရင်ဆိုင်ဖြတ်သန်းနေရကြောင်း သိမှတ်ကြလော့။
ရုသက မိမိနှင့်အတူလိုက်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကြောင်း နောမိ သိမြင်လျှင် ရုသအား ထပ်မတိုက်တွန်းတော့ချေ။