အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကော​လော​သဲ 1:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် သင်​တို့​အတွက်​ခံရ​သော​ဒုက္ခ​ဝေဒနာ​၌ ယခု​ဝမ်းမြောက်​၍ ခရစ်တော်​၏​ဆင်းရဲ​ဒုက္ခ​တွင် လိုအပ်​သေး​သည့်​အပိုင်း​ကို ကိုယ်တော်​၏​ကိုယ်ခန္ဓာ​တည်းဟူသော​အသင်းတော်​အတွက် ငါ​၏​ကိုယ်ကာယ​၌ ဖြည့်ဆည်း​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​သင်​တို့​အ​တွက်​ဆင်း​ရဲ​ဒုက္ခ​ခံ​ရ​၍​ဝမ်း မြောက်​ပါ​၏။ ခ​ရစ်​တော်​သည်​မိ​မိ​၏​ကိုယ်​ခန္ဓာ တည်း​ဟူ​သော​အ​သင်း​တော်​အ​တွက်​ခံ​ရန်​ကျန် ရှိ​နေ​သည့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ငါ​ကူ​ညီ​၍ ဖြည့်​စွက်​ပေး​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ယ ခု မှာ ငါ သည် သင် တို့ အ တွက် ဒု က္ခ ခံ ရ ခြင်း များ၌ ရွှင် လန်း လျက် အ သင်း တော် တည်း ဟူ သော ကိုယ် ခ န္ဓာ တော့် အ တွက် ခ ရစ် တော် ခံ ခဲ့ သော ညှဉ်း ပန်း ခြင်း များ တွင် လို လေ ရာ ကို ငါ့ ရုပ် ခ န္ဓာ၌ ဖြည့် စွက်၍ နေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​ပေါ​လု​သည် ထို​တ​ရား​ကို ဟော​သော​ဆ​ရာ​ဖြစ်​သည်​နှင့် သင်​တို့​အ​ဖို့​အ​လို​ငှာ ဆင်း​ရဲ​ခံ​ခြင်း၌ ယ​ခု​ဝမ်း​မြောက်၍၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​အ​ကြွင်း​အ​ကျန်​ကို အ​သင်း​တော်​တည်း​ဟူ​သော ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ ငါ့​ကိုယ်​ခ​န္ဓာ၌ ပြည့်​စုံ​စေ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယခု​အခါ ကျွန်ုပ်​သည် သင်တို့​အတွက် ဆင်းရဲဒုက္ခ​ခံရသည်​ကို ဝမ်းမြောက်​၍ ခရစ်တော်​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​ကာ ကြွင်းကျန်​နေသေးသော ဆင်းရဲဒုက္ခ​ကို ကိုယ်တော်​၏ ကိုယ်ခန္ဓာ​ဖြစ်သော အသင်းတော်​အတွက် ကျွန်ုပ်​၏ ခန္ဓာ​သွေးသား​ဖြင့် ဖြည့်ဆည်းနေ၏။

အခန်းကိုကြည့်ပါ။



ကော​လော​သဲ 1:24
21 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က “အကျွန်ုပ်​တို့​တတ်နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်မည်။ ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်မည်။


တမန်တော်​တို့​သည် နာမ​တော်​အတွက် အရှက်ခွဲ​ခြင်း​ကို​ခံထိုက်​သူ​များ​အဖြစ် မှတ်ယူ​တော်မူ​ခြင်း​ခံရ​သောကြောင့် ဝမ်းမြောက်​လျက် တရား​လွှတ်တော်​ရှေ့​မှ​ထွက်သွား​ကြ​၏။


ထိုမျှမက ဆင်းရဲ​ဒုက္ခ​များ​၌​လည်း ဂုဏ်ယူ​ဝမ်းမြောက်​ကြ​၏။ အကြောင်းမူကား ဆင်းရဲ​ဒုက္ခ​သည် သည်းခံ​ခြင်း​ကို​လည်းကောင်း၊


ထိုသို့ သားသမီး​များ​ဖြစ်​ကြ​လျှင် အမွေခံ​များ​လည်း ဖြစ်​ကြ​၏။ ငါ​တို့​သည် ခရစ်တော်​နှင့်အတူ​ဘုန်း​တော်​ချီးမြှောက်​ခြင်း​ခံရ​ရန် ဒုက္ခ​ဆင်းရဲ​ခြင်း​ကို​လည်း ကိုယ်တော်​နှင့်အတူ​ခံရ​ကြ​လျှင် ဘုရားသခင်​၏​အမွေခံ​များ​ဖြစ်​ကြ​ပြီး ခရစ်တော်​နှင့်အတူ​အမွေ​ဆက်ခံ​သူ​များ​လည်း ဖြစ်​ကြ​၏။


သင်​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဖြစ်​ကြ​ပြီး အသီးသီး​သည် အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။


ငါ​သည် သင်​တို့​၏​စိတ်​ဝိညာဉ်​အတွက် ဝမ်းမြောက်​စွာ ငါ့​ဥစ္စာ​ကို​အသုံးပြု​၍ ငါ့​ကိုယ်​ကို​လည်း အကုန်အစင်​အသုံးပြု​မည်။ သင်​တို့​အပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုးပွား​လာ​လျှင် ငါ့​အပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့ပါး​သွား​မည်​လော။


ဝမ်းနည်း​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အစဉ်​ဝမ်းမြောက်​လျက်​ရှိ​ကြ​၏။ ဆင်းရဲ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း များစွာ​သော​သူ​တို့​ကို ကြွယ်ဝ​ပြည့်စုံ​စေ​ကြ​၏။ မည်သည့်​အရာ​မျှ​မ​ရှိ​သော​သူ​ကဲ့သို့​ဖြစ်​သော်လည်း အလုံးစုံ​ကို​ပိုင်ဆိုင်​ကြ​၏။


ငါ​သည် သင်​တို့​ကို အလွန်​ယုံကြည်​စိတ်ချ​၍ သင်​တို့​အတွက် များစွာ​ဂုဏ်ယူ​၏။ ငါ​သည် နှစ်သိမ့်​မှု​ကို အပြည့်အဝ​ခံစား​ရ​၍ ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အပေါင်း​တို့​၌ ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​လျက်​ရှိ​၏။


ထို​အသင်းတော်​သည် အလုံးစုံ​တို့​ကို အလုံးစုံ​တို့​၌ ပြည့်စုံ​စေ​တော်မူ​သော​အရှင်​၏​ပြည့်စုံ​ခြင်း​တည်းဟူသော ခရစ်တော်​၏​ကိုယ်ခန္ဓာ​တော်​ဖြစ်​၏။


ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။


သို့ဖြစ်၍ သင်​တို့​အတွက် ငါ​ခံရ​သော​ဆင်းရဲ​ဒုက္ခ​များ​ကြောင့် စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​ရန် ငါ​တောင်းပန်​၏။ ထို​အရာ​များ​သည် သင်​တို့​၏​ဂုဏ်သရေ​ဖြစ်​၏။


ထို့ပြင် ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​တန်ခိုး​ကို​လည်းကောင်း၊ ကိုယ်တော်​၏​ဒုက္ခ​ဝေဒနာ​ကို​မျှဝေ​ခံယူ​ခြင်း​ကို​လည်းကောင်း သိရှိ​၍ ကိုယ်တော်​၏​အသေခံ​ခြင်း​၌ တစ်​သဏ္ဌာန်​တည်း​ဖြစ်​ခြင်း​အခွင့်​ကို​ရရှိ​ကာ


ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။


ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။


ငါ့​ညီအစ်ကို​တို့၊ သင်​တို့​သည် အမျိုးမျိုး​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့် ကြုံတွေ့​ရ​သောအခါ ဝမ်းမြောက်​စရာ​သက်သက်​ဖြစ်​သည်​ဟု မှတ်ယူ​ကြ​လော့။