ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
ကောလောသဲ 1:1 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် Common Language Bible ဘုရားသခင်၏အလိုတော်နှင့်အညီခရစ် တော်ယေရှု၏တမန်တော်ဖြစ်သူ ငါပေါလု နှင့်ငါတို့၏ညီတိမောသေထံမှ၊- Garrad Bible ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု၏ တ မန် တော် ဖြစ် သော ပေါ လု နှင့် ညီ အစ် ကို တိ မော သေ တို့ က၊ Judson Bible ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အလိုတော်အတိုင်း ယေရှုခရစ်တော်၏ တမန်တော်အဖြစ် ရွေးကောက်တော်မူခြင်းခံရသော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။ ဤစာသည် ကျွန်ုပ်နှင့် ကျွန်ုပ်တို့၏ညီ တိမောသေတို့က |
ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
ဘုရားသခင်၏ကောင်းမြတ်သောသတင်းအတွက် သီးသန့်ရွေးချယ်ထားခြင်းခံရ၍ တမန်တော်အဖြစ်ခေါ်ယူတော်မူခြင်းခံရသော ခရစ်တော်ယေရှု၏အစေအပါးငါပေါလုသည် စာရေးလိုက်ပါ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည်
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် ခရစ်တော်ယေရှု၌သစ္စာရှိသည့် ဧဖက်မြို့တွင်နေကြသောသန့်ရှင်းသူများထံသို့ စာရေးလိုက်ပါ၏။
ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
ပေါလု၊ သိလွာနုနှင့် တိမောသေတို့သည် ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၌တည်သော သက်သာလောနိတ်မြို့သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
ပေါလု၊ သိလွာနုနှင့် တိမောသေတို့သည် ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်၌တည်သော သက်သာလောနိတ်မြို့သားတို့၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။
ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ချစ်ရသောငါတို့၏လုပ်ဖော်ဆောင်ဖက် ဖိလေမုန်မှစ၍
ငါတို့ညီတိမောသေသည် လွတ်လာပြီဖြစ်ကြောင်း သင်တို့အားသိစေလိုပါ၏။ သူသည် အမြန်ရောက်လာလျှင် ငါသည် သူနှင့်အတူ သင်တို့ကိုလာတွေ့မည်။