နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
ကမ္ဘာဦး 9:19 - မြန်မာ့စံမီသမ္မာကျမ်း ဤသူသုံးယောက်တို့သည် နောဧ၏သားများဖြစ်ကြပြီး သူတို့မှတစ်ဆင့် ကမ္ဘာမြေတစ်ခွင်လုံးသို့ လူတို့ ပြန့်ပွားသွားကြ၏။ Common Language Bible ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။ Garrad Bible နော ဧ သား ဖြစ် သော ထို သူ သုံး ယောက် တို့ ဖြင့် မြေ ကြီး တစ် ပြင် လုံး နှံ့ ပြား ကုန် ၏။ Judson Bible ဤသူတို့သည် နောဧ၏သားသုံးယောက်ဖြစ်၍ မြေကြီးတစ်ပြင်လုံး၌ နှံ့ပြားကြ၏။ |
နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
သင့်ထံ၌ရှိသော သက်ရှိသတ္တဝါအပေါင်း၊ သားယဉ်သားရဲအပေါင်းတည်းဟူသော ငှက်၊ တိရစ္ဆာန်နှင့် မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည် မြေကြီးပေါ်မှာ များပြားကြစေရန်လည်းကောင်း၊ မြေကြီးပေါ်မှာမွေးဖွားတိုးပွားကြစေရန်လည်းကောင်း သူတို့ကို သင်နှင့်အတူထုတ်ဆောင်လော့”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် နောဧနှင့် သူ၏သားတို့ကိုကောင်းချီးပေးလျက် “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေကြလော့။
သင်တို့သည် များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးပေါ်မှာ ပြည့်နှက်ကြလော့။ မြေကြီးပေါ်မှာ တိုးပွားကြလော့”ဟု မိန့်တော်မူ၏။