ရက်ပေါင်းလေးဆယ်ပြည့်သောအခါ နောဧသည် မိမိတည်ဆောက်ခဲ့သောသင်္ဘော၏ပြတင်းပေါက်ကိုဖွင့်၍
ကမ္ဘာဦး 8:7 - မြန်မာ့စံမီသမ္မာကျမ်း ကျီးကန်းတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးကန်းသည် မြေပေါ်မှာ ရေမခန်းခြောက်မချင်း လူးလာပျံသန်းလျက်နေ၏။ Common Language Bible ကျီးအလည်းပြန်မလာတော့ချေ။ မြေကြီး ပေါ်တွင်ရေခန်းခြောက်သည့်တိုင်အောင်လူး လာပျံသန်းလျက်သာနေ၏။- Garrad Bible ထို ကျီး အ သည် မြေ ပေါ် မှာ ရေ မ ခြောက် မ ချင်း လူး လာ ပျံ သန်း နေ လေ ၏။ Judson Bible ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက်မီတိုင်အောင်၊ သွားလာလျက် နေလေ၏။ |
ရက်ပေါင်းလေးဆယ်ပြည့်သောအခါ နောဧသည် မိမိတည်ဆောက်ခဲ့သောသင်္ဘော၏ပြတင်းပေါက်ကိုဖွင့်၍
တစ်ဖန် မြေပြင်ပေါ်မှာ ရေလျော့ကျသည်၊ မကျသည်ကိုသိမြင်ရန် ချိုးငှက်တစ်ကောင်ကိုလွှတ်လေ၏။
ထိုချောင်းရေကို သောက်ရမည်။ ထိုနေရာတွင် သင့်ကိုကျွေးမွေးရန် ကျီးအတို့ကို ငါမှာထားပြီ”ဟု မိန့်ဆို၏။
ကျီးအတို့သည် သူ့အတွက် အသားနှင့်မုန့်တို့ကို နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ယူဆောင်လာပေး၏။ ထိုချောင်းမှရေကို သူသောက်၏။
ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။