ကမ္ဘာဦး 8:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကို သင်္ဘောမှလွှတ်ပြန်လေ၏။ Common Language Bible ခုနစ်ရက်စောင့်ဆိုင်းနေပြီးလျှင်ထိုချိုးငှက် ကိုအပြင်သို့တစ်ဖန်လွှတ်လိုက်၏။- Garrad Bible တစ် ဖန် ခု နစ် ရက် စောင့် ဆိုင်း ပြီး လျှင် ထို ခို ကို သင်္ဘော တွင်း မှ လွှတ် ပြန် ရာ၊ Judson Bible တစ်ဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲကလွှတ်ပြန်၏။ |
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
နေဝင်ချိန်၌ ချိုးငှက်သည် နောဧထံသို့ပြန်လာ၏။ သူ၏နှုတ်သီး၌ လောလောလတ်လတ်ဆိတ်ယူလာသော သံလွင်ရွက်ပါလာ၏။ ထိုအခါ နောဧသည် မြေကြီးပေါ်မှာ ရေလျော့ကျသွားပြီဖြစ်ကြောင်းသိလေ၏။
တစ်ဖန် နောက်ထပ်ခုနစ်ရက်စောင့်ပြီးမှ ထိုချိုးငှက်ကိုလွှတ်ပြန်ရာ သူ့ထံသို့ပြန်မလာတော့ပေ။
သို့သော် မြေတစ်ပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးငှက်သည် ခြေချနားနေစရာမတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍ ချိုးငှက်ကိုဖမ်းယူပြီးလျှင် မိမိရှိရာသင်္ဘောထဲသို့သွင်းလေ၏။
ငါသည် ထာဝရဘုရားကို စေ့စေ့စောင့်မျှော်လျက်နေ၏။ ကိုယ်တော်သည် ငါ့ဘက်သို့လှည့်၍ ငါ၏အော်ဟစ်သံကို ကြားတော်မူ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏တရားလမ်း၌ ကိုယ်တော်ကို အကျွန်ုပ်တို့စောင့်မျှော်ကြပါ၏။ ကိုယ်တော်၏နာမတော်၊ ကိုယ်တော်ပြုတော်မူသော အမှတ်ရစရာကို ကျွန်ုပ်တို့၏စိတ်ဝိညာဉ် တောင့်တပါ၏။
ယာကုပ်အမျိုးအနွယ်ထံမှ မျက်နှာလွှဲတော်မူသောထာဝရဘုရားကို ငါမျှော်လင့်စောင့်စားမည်။
မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။