ကမ္ဘာဦး 7:17 - မြန်မာ့စံမီသမ္မာကျမ်း ရေလွှမ်းမိုးမှုသည် မြေကြီးပေါ်မှာ အရက်လေးဆယ်ပတ်လုံးဖြစ်ပွား၏။ ရေသည် တိုးလာ၍ သင်္ဘောကိုပင့်မသဖြင့် သင်္ဘောသည် မြေကြီးပေါ်မှကွာမြောက်လေ၏။ Common Language Bible အရက်လေးဆယ်ကြာမျှကမ္ဘာမြေကြီးပေါ် တွင် ဆက်လက်၍ရေလွှမ်းမိုးလာရာသင်္ဘောသည် မြေပေါ်မှကြွတက်၏။- Garrad Bible မြေ ကြီး ပေါ် မှာ အ ရက် လေး ဆယ် ပတ် လုံး ရေ လွှမ်း မိုး ခြင်း တိုး တက် သ ဖြင့် သင်္ဘော သည် မြေ မှ ကြွ၍ ပေါ လော နေ လေ ၏။ Judson Bible ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ်အတိုင်းတိုးတက်၍၊ သင်္ဘောကို မြေမှခွာလျက် ဆောင်ယူလေ၏။ |
ထိုသို့ ဝင်ကြသောသတ္တဝါတို့မှာ သတ္တဝါအပေါင်းတို့ထဲမှ အထီး၊ အမဖြစ်ကြပြီး နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဝင်ကြ၏။ ထို့နောက် ထာဝရဘုရားသည် နောဧကို အထဲမှာပိတ်ထားတော်မူ၏။
ရေသည်မြင့်တက်လာ၍ မြေကြီးပေါ်မှာ အလွန်တိုးလာသဖြင့် သင်္ဘောသည် ရေမျက်နှာပြင်ပေါ်၌ မျောလျက်နေလေ၏။
အကြောင်းမူကား နောက်ခုနစ်ရက်ပြည့်လျှင် ငါသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်တွင်မိုးရွာစေ၍ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို မြေပြင်ပေါ်မှ ငါသုတ်သင်ပယ်ရှင်းမည်”ဟု မိန့်တော်မူ၏။
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။