ဤသို့ဖြင့် သက်ရှိသတ္တဝါအပေါင်းတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာသင်္ဘောထဲသို့ ဝင်ကြ၏။
ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်း သက် ရှိသတ္တဝါတစ်မျိုးစီမှအဖိုနှင့်အမအစုံ တို့သည် နောဧနှင့်သင်္ဘောထဲသို့ဝင်ကြ၏။ နောဧ သင်္ဘောထဲသို့ဝင်ပြီးနောက်ထာဝရဘုရားသည် တံခါးကိုပိတ်တော်မူ၏။
သ ဇီ၀ သက် ရှိ သ တ္တ ဝါ အ မျိုး အ မျိုး ထဲ မှ အ စုံ အ စုံ တို့ လည်း နော ဧ ရှိ ရာ သင်္ဘော တွင်း သို့ ဝင် ကြ ၏။
အသက်ရှင်သော တိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြလေ၏။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
ထိုသို့ ဝင်ကြသောသတ္တဝါတို့မှာ သတ္တဝါအပေါင်းတို့ထဲမှ အထီး၊ အမဖြစ်ကြပြီး နောဧအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ဝင်ကြ၏။ ထို့နောက် ထာဝရဘုရားသည် နောဧကို အထဲမှာပိတ်ထားတော်မူ၏။
အထီး၊ အမတို့သည် တစ်စုံစီ၊ တစ်စုံစီ နောဧရှိရာ သင်္ဘောထဲသို့ဝင်ကြ၏။
ဝံပုလွေသည် သိုးသငယ်နှင့်အတူနေထိုင်၍ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူလဲလျောင်းလိမ့်မည်။ နွားသငယ်၊ ခြင်္သေ့ပျိုနှင့် ဆူဖြိုးသောတိရစ္ဆာန်တို့သည် အတူနေကြ၍ ကလေးသူငယ်သည် ထိုအကောင်တို့ကို ထိန်းကျောင်းလိမ့်မည်။