အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ကမ္ဘာ​ဦး 7:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ယဉ်ပါးသောတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက်​၊ ကြက်ငှက်​အမျိုးမျိုး​၊ တောင်ပံ​ရှိ​သော​သတ္တဝါ​အမျိုးမျိုး​နှင့် ငှက်​အပေါင်း​တို့​သည်​လည်း အမျိုး​အလိုက် သူ​တို့​နှင့်အတူ​ဝင်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သား ယဉ် သား ရဲ အ မျိုး အ လိုက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရ စ္ဆာန် အ မျိုး အ လိုက်၊ ပျံ တတ် သော ကြက် ငှက် တည်း ဟူ သော လေ သ တ္တ ဝါ မျိုး အ လိုက်၊

အခန်းကိုကြည့်ပါ။

Judson Bible

သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ ပျံ​တတ်​သော​ကြက်​ငှက်​မျိုး၊

အခန်းကိုကြည့်ပါ။



ကမ္ဘာ​ဦး 7:14
7 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် ကြီးမား​သော​ပင်လယ်သတ္တဝါ​များ​နှင့် ရေ​၌​ပြည့်နှက်​နေ​သည့် လှုပ်ရှားသွားလာ​တတ်​သော သက်ရှိသတ္တဝါ​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက်​၊ တောင်ပံ​ရှိ​သော​ငှက်​အမျိုးမျိုး​တို့​ကို အမျိုး​အလိုက် ဖန်ဆင်း​တော်မူ​၏​။ ထို​အမှုအရာ​ကောင်း​သည်​ကို ဘုရားသခင်​မြင်​တော်မူ​၏​။


တစ်ဖန် ဘုရားသခင်​က “​မြေကြီး​သည် သက်ရှိသတ္တဝါ​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​။ ယဉ်ပါးသောတိရစ္ဆာန်​၊ တွားသွားသောတိရစ္ဆာန်​နှင့် တောရိုင်းတိရစ္ဆာန်​တို့​ကို အမျိုး​အလိုက် ပေါက်ဖွား​စေ​”​ဟု မိန့်​တော်မူ​ရာ ထိုအတိုင်း​ဖြစ်​လေ​၏​။


သက်ရှိ​အပေါင်း​၊ သတ္တဝါ​အပေါင်း​တို့​ထဲမှ အထီး​အမ​တစ်စုံစီ​ကို​ယူ​၍ သင်​နှင့်အတူ​အသက်ချမ်းသာ​ရ​ရန် သင်္ဘော​ထဲသို့​သွင်း​ရ​မည်​။


ထို​နေ့​၌​ပင် နောဧ​နှင့် နောဧ​၏​သား ရှေမ​၊ ဟာမ​၊ ယာဖက်​တို့​မှစ၍ နောဧ​၏​မယား​နှင့် ချွေးမ​သုံး​ယောက်​တို့​သည် သင်္ဘော​ထဲသို့​ဝင်​ကြ​၏​။


ဤသို့ဖြင့် သက်ရှိ​သတ္တဝါ​အပေါင်း​တို့​သည် တစ်စုံစီ​၊ တစ်စုံစီ နောဧ​ရှိ​ရာ​သင်္ဘော​ထဲသို့ ဝင်​ကြ​၏​။