ရှေမသည်လည်း သားများကိုရ၏။ သူသည် ယာဖက်၏အစ်ကိုဖြစ်ပြီး ဧဗာအမျိုးသားအပေါင်းတို့၏ဖခင်ဖြစ်၏။
ကမ္ဘာဦး 7:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့၌ပင် နောဧနှင့် နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့မှစ၍ နောဧ၏မယားနှင့် ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ Common Language Bible ထိုနေ့၌ပင်နောဧနှင့်သူ၏မယား၊ သားသုံး ယောက်ဖြစ်ကြသောရှေမ၊ ဟာမ၊ ယာဖက်နှင့် သူတို့၏မယားတို့သည်သင်္ဘောထဲသို့ဝင်ကြ၏။- Garrad Bible ထို နေ့ ရက် တွင် ပင် နော ဧ နှင့် မ ယား မှ စ၍ ရှေ မ၊ ဟာ မ၊ ယာ ဖက် ဟူ သော သား သုံး ယောက်၊ ချွေး မ သုံး ယောက် တို့ သည် သင်္ဘော တွင်း သို့ ဝင် ကြ ၏။ Judson Bible ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ဝင်ကြ၏။ |
ရှေမသည်လည်း သားများကိုရ၏။ သူသည် ယာဖက်၏အစ်ကိုဖြစ်ပြီး ဧဗာအမျိုးသားအပေါင်းတို့၏ဖခင်ဖြစ်၏။
သို့သော် ငါသည် ငါ၏ပဋိညာဉ်ကို သင်၌တည်စေမည်။ သင်သည် သင်၏သား၊ မယား၊ ချွေးမတို့နှင့်အတူ သင်္ဘောထဲသို့ဝင်ရမည်။
တစ်ဖန် ထာဝရဘုရားက နောဧအား “ဤမျိုးဆက်တွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ်ကြောင်း ငါတွေ့မြင်ရသည်ဖြစ်၍ သင်နှင့်တကွ သင့်မိသားစုတစ်စုလုံး သင်္ဘောထဲသို့ဝင်ကြလော့။
တောရိုင်းတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ယဉ်ပါးသောတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့သည်လည်း အမျိုးအလိုက်၊ ကြက်ငှက်အမျိုးမျိုး၊ တောင်ပံရှိသောသတ္တဝါအမျိုးမျိုးနှင့် ငှက်အပေါင်းတို့သည်လည်း အမျိုးအလိုက် သူတို့နှင့်အတူဝင်ကြ၏။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ထိုဝိညာဉ်များမှာ တစ်ချိန်က နောဧလက်ထက်၌ သင်္ဘောတည်ဆောက်စဉ်တွင် ဘုရားသခင်သည် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းတော်မူသော်လည်း နာခံခြင်းမရှိခဲ့သောဝိညာဉ်များဖြစ်ကြ၏။ ထိုသင်္ဘောထဲ၌ ရှစ်ယောက်မျှဖြစ်သော လူအနည်းငယ်တို့သာ ရေမှတစ်ဆင့် ကယ်တင်ခြင်းခံရကြ၏။
ရှေးဟောင်းကမ္ဘာကိုလည်း ညှာတာတော်မမူဘဲ ထိုဘုရားတရားမဲ့သောကမ္ဘာကို ရေလွှမ်းမိုးစေတော်မူ၍ ဖြောင့်မတ်ခြင်းတရား၏သံတော်ဆင့်ဖြစ်သောနောဧအပါအဝင် လူရှစ်ဦးကို စောင့်ရှောက်တော်မူ၏။
သူတို့၏ဖခင်၊ သူတို့၏အစ်ကိုများ၊ မောင်များ လာရန်တွေ့လျှင် ငါတို့က ‘ငါတို့ကို သနားပါ။ စစ်ဖြစ်စဉ်က သူတို့၏မယားတစ်ယောက်မျှ မချန်ထားမိခဲ့။ ယခုကဲ့သို့ ပေးစားခြင်းဖြင့်လည်း သင်တို့အပေါ် အပြစ်သက်ရောက်မည်မဟုတ်ပါ’ဟု သူတို့အား တောင်းပန်မည်”ဟု မှာလိုက်လေ၏။