ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
ကမ္ဘာဦး 6:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက “ငါ၏ဝိညာဉ်သည် လူတွင်ထာဝရတည်မည်မဟုတ်။ အကြောင်းမူကား လူသည် အသွေးအသားခန္ဓာသာဖြစ်သောကြောင့် လူ၏သက်တမ်းသည် အနှစ်တစ်ရာ့နှစ်ဆယ်ဖြစ်စေ”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း လူ တို့ သည် အ သွေး အ သား မျှ သာ ဖြစ် သ ဖြင့် ငါ့ ၀ိ ညာဥ် သည် လူ တွင် အ စဥ် ကိန်း အောင်း မည် မ ဟုတ်။ လူ့ အ သက် တန်း ကား၊ အ နှစ် တ ရာ့ နှစ် ဆယ် ဖြစ် စေ ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရားကလည်း၊ ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်မဆုံးမရ။ အကြောင်းမူကား၊ လူတို့သည်အသားဖြစ်၏။ သူ၏အသက်တမ်းသည်လည်း၊ အနှစ်တစ်ရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။ |
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
သူတို့သည် အသွေးအသားဖြစ်ကြောင်းနှင့် ထွက်ခွာသွားပြီးလျှင် ပြန်မလာတော့သည့်လေဖြစ်ကြောင်း ကိုယ်တော်အောက်မေ့တော်မူ၏။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ငါ၏စပျစ်ခြံအတွက် မည်သည့်အရာကို ထပ်လုပ်ပေးရမည်နည်း။ ငါမလုပ်ပေးခဲ့သည့်အရာ ရှိသေးသလော။ ကောင်းသောစပျစ်သီး သီးလာရန် ငါစောင့်မျှော်ခဲ့သော်လည်း အဘယ်ကြောင့် စပျစ်သီးအရိုင်းများ သီးရသနည်း။
ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သူတို့ပြေး၍မလွတ်နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ် ငါကျရောက်စေမည်။ ငါ့ကိုဟစ်အော်သော်လည်း ငါနားထောင်မည်မဟုတ်။
အကြောင်းမူကား ငါသည် သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့စကားကိုနားထောင်ကြလော့ဟု သူတို့အား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။