ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။
ကမ္ဘာဦး 6:21 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် စားသုံးနိုင်သောအစားအစာအမျိုးမျိုးကိုယူ၍ သင့်ထံ၌သိုထားပြီး သင်နှင့်တိရစ္ဆာန်တို့၏စားစရာဖြစ်စေရမည်”ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့နှင့်တိရစ္ဆာန်များအတွက်အစား အစာအမျိုးမျိုးကိုယူဆောင်လော့'' ဟု မိန့်တော်မူ၏။- Garrad Bible ကိုယ့် အ ဖို့၊ တိ ရ စ္ဆာန် တို့ အ ဖို့၊ စား အပ် သော အ စာ အ မျိုး မျိုး ကို ယူ ၍ သို ထား ရ မည် ဟု၊ Judson Bible ကိုယ်စားစရာအဖို့၊ တိရစ္ဆာန်တို့စားစရာအဖို့၊ စားအပ်သော အစာအမျိုးမျိုးကိုယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ |
ကျီးသားငယ်တို့ စားစရာမရှိသောကြောင့် လှည့်လည်ပျံဝဲလျက် ဘုရားသခင်ထံ အကူညီအော်ဟစ်တောင်းခံသောအခါ ကျီးကန်းအတွက် စားစရာ မည်သူပြင်ဆင်ပေးသနည်း။
အကယ်စင်စစ် သူ့အဖို့ အစားအစာကို တောရိုင်းတိရစ္ဆာန်အပေါင်းတို့ကျက်စားရာ တောင်တန်းတို့မှ ရ၏။
ကိုယ်တော်သည် ခပ်သိမ်းသောသတ္တဝါတို့အား အစာကိုပေးတော်မူ၏။ အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်၏။
လက်တော်ကိုဖွင့်၍ သက်ရှိသတ္တဝါအပေါင်းတို့၏ အလိုကို ပြည့်စုံကြွယ်ဝစေတော်မူ၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့ကိုလိုက်လံ၍ သူတို့လမ်းသည် မှောင်လျက်ချော်ပါစေသော။
မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။