ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
ကမ္ဘာဦး 50:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယောသပ်သည် မိမိဖခင်ကိုသင်္ဂြိုဟ်ရန်ထွက်သွားလေ၏။ သူနှင့်အတူ ဖာရောမင်းကြီး၏အမှုထမ်းများဖြစ်သော ဖာရောမင်းကြီးနန်းတော်ရှိသက်ကြီးဝါကြီးအားလုံး၊ အီဂျစ်ပြည်၏သက်ကြီးဝါကြီးအားလုံး၊ Common Language Bible သို့ဖြစ်၍ယောသပ်သည် သူ၏အဖကိုသင်္ဂြိုဟ် ခြင်းငှာသွားလေ၏။ ဖာရောဘုရင်၏အရာ ရှိများ၊ နန်းတော်မှအကြီးအကဲများနှင့် အီဂျစ်ပြည်မှအရာရှိအပေါင်းတို့သည် ယောသပ်နှင့်အတူလိုက်ပါပို့ဆောင်ကြ၏။- Garrad Bible ယော သပ် သည် အ ဘ ကို သင်္ဂြိုဟ် ရန် ချီ ထွက် ရာ ဖာ ရော မင်း ၏ ကျေး ကျွန် သင်း ပင်း ဖြစ် သူ နန်း တော် အ ရာ ရှိ၊ အိ ဂျစ် ပြည် အ ရာ ရှိ အ ပေါင်း တို့ သည်၊ Judson Bible ယောသပ်သည် အဘကိုသင်္ဂြိုဟ်ခြင်းငှာထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊ |
ဤသို့ဖြင့် သူသည် ဥစ္စာရှိသမျှကိုပြန်ရ၍ မိမိဆွေမျိုးသားချင်းလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း၊ မိန်းမများနှင့် လူများကိုလည်းကောင်း ပြန်ရလေ၏။
ဖာရောမင်းကြီးက “သင့်အား သင့်ဖခင်ကျိန်ဆိုစေခဲ့သည့်အတိုင်း သွား၍သူ့ကိုသင်္ဂြိုဟ်လော့”ဟု မိန့်ဆိုလေ၏။
ယောသပ်၏အိမ်သူအိမ်သားအားလုံး၊ ယောသပ်၏အစ်ကိုများမှစသော ယောသပ်ဖခင်၏အိမ်သူအိမ်သားတို့သည်လည်း လိုက်ပါသွားကြ၏။ သူတို့၏ကလေးများနှင့် သိုးဆိတ်များ၊ နွားများကိုမူ ဂေါရှင်အရပ်၌ ထားခဲ့ကြ၏။