“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
ကမ္ဘာဦး 50:4 - မြန်မာ့စံမီသမ္မာကျမ်း ငိုကြွေးမြည်တမ်းသောနေ့ရက်များလွန်ပြီးနောက် ယောသပ်က ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့အား “ငါသည် သင်တို့ရှေ့၌မျက်နှာရသည်ဆိုလျှင် ဖာရောမင်းကြီး၏နားတော်သို့လျှောက်ရမည်မှာ Common Language Bible ငိုကြွေးမြည်တမ်းခြင်းရက်များ ကုန်ဆုံးသော အခါယောသပ်ကဖာရောဘုရင်၏အမှုထမ်း တို့အား၊ ဖာရောဘုရင်နားတော်သို့ဤသို့လျှောက် ကြပါလော့။- Garrad Bible ငို ကြွေး မြည် တမ်း သော နေ့ ရက် လွန် သော် ယော သပ် သည် နန်း တော် သား တို့ အား၊ သင် တို့ စိတ် နှင့် တွေ့ လျင် ဖာရော မင်း နား တော် ကြား တင် လျှောက် ရ မည် မှာ၊ Judson Bible ငိုကြွေးမြည်တမ်းသောနေ့ရက်လွန်သောအခါ၊ ယောသပ်သည် နန်းတော်သား အချို့တို့ကိုခေါ်၍၊ သင်တို့သည်ကျွန်ုပ်ကိုစေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင် ထံတော်သို့သွား၍၊ |
“အကျွန်ုပ်၏အရှင်တို့၊ အကျွန်ုပ်သည် အရှင်၏ရှေ့၌ မျက်နှာရသည်ဆိုလျှင် အရှင်၏အစေအပါးကိုကျော်မသွားပါနှင့်။
အလောင်းကိုဆေးစီရင်ရာတွင် ရက်ပေါင်းလေးဆယ်ကြာကြာ အချိန်ပေးရ၏။ အီဂျစ်လူမျိုးတို့သည် ယာကုပ်အတွက် ရက်ပေါင်းခုနစ်ဆယ်ငိုကြွေးကြ၏။
‘အကျွန်ုပ်၏ဖခင်က “ငါသေတော့မည်။ ခါနာန်ပြည်၌ ငါ့အတွက် ငါတူးထားသော သင်္ချိုင်းတွင်းတွင် ငါ့ကိုသင်္ဂြိုဟ်ရမည်”ဟု အကျွန်ုပ်ကို ကျိန်ဆိုစေခဲ့ပါ၏။ ထို့အတွက်ကြောင့် အကျွန်ုပ်သွား၍ ဖခင်ကိုသင်္ဂြိုဟ်ပါရစေ။ ပြီးလျှင် အကျွန်ုပ်ပြန်လာပါမည်’ဟူ၍ လျှောက်ကြပါလော့”ဟု မိန့်ဆိုလေ၏။
လျှော်တေအဝတ်ဖြင့် ဘုရင့်နန်းတော်တံခါးသို့ ဝင်ခွင့်မရှိသောကြောင့် သူသည် ဘုရင့်နန်းတော်တံခါးနားတွင် ရပ်နေ၏။