သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ကမ္ဘာဦး 50:3 - မြန်မာ့စံမီသမ္မာကျမ်း အလောင်းကိုဆေးစီရင်ရာတွင် ရက်ပေါင်းလေးဆယ်ကြာကြာ အချိန်ပေးရ၏။ အီဂျစ်လူမျိုးတို့သည် ယာကုပ်အတွက် ရက်ပေါင်းခုနစ်ဆယ်ငိုကြွေးကြ၏။ Common Language Bible ဆေးသမားတို့သည်ထုံးစံရှိသည့်အတိုင်း အလောင်းကိုအရက်လေးဆယ်ကြာအောင်ဆေး စိမ်ကြ၏။ အီဂျစ်အမျိုးသားတို့သည်ယာကုပ် အတွက် ရက်ပေါင်းခုနစ်ဆယ်ကြာမျှငိုကြွေး မြည်တမ်းကြကုန်၏။ Garrad Bible သူ တို့ ထုံး တမ်း ရှိ သည် နှင့် အ ညီ ပြင် ဆင် ကြ လျက် အ ရက် လေး ဆယ် ကြာ ထား ၏။ အိ ဂျစ် လူ တို့ လည်း ယာ ကုပ် ကြောင့် ရက် ပေါင်း ခု နစ် ဆယ် တိုင် တိုင် ငို ကြွေး မြည် တမ်း ခြင်း ကို ပြု ကြ ကုန် ၏။ Judson Bible နံ့သာမျိုးနှင့်ပြင်ဆင်သောအလောင်းကို၊ ထုံးစံရှိသည်အတိုင်းထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည်ယာကုပ်ကြောင့်၊ အရက်ခုနစ်ဆယ် ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ငိုကြွေးမြည်တမ်းသောနေ့ရက်များလွန်ပြီးနောက် ယောသပ်က ဖာရောမင်းကြီး၏နန်းတော်သူနန်းတော်သားတို့အား “ငါသည် သင်တို့ရှေ့၌မျက်နှာရသည်ဆိုလျှင် ဖာရောမင်းကြီး၏နားတော်သို့လျှောက်ရမည်မှာ
လူထုအပေါင်းတို့သည် အာရုန်သေကြောင်းကို သိမြင်သော် အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် အာရုန်အတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။
ကိုယ်ပေါ်မှ သုံ့ပန်းအဝတ်အစားကို ချွတ်ပယ်ရမည်။ သင့်အိမ်၌နေ၍ သူ၏မိဘကို တစ်လငိုကြွေးတမ်းတရမည်။ ထို့နောက်မှ သင်သည် သူ့ထံသို့ဝင်၍ သူ၏ယောက်ျားဖြစ်မည်။ သူသည်လည်း သင်၏မယားဖြစ်မည်။
အစ္စရေးအမျိုးသားတို့သည် မောဘလွင်ပြင်၌ မောရှေအတွက် ရက်ပေါင်းသုံးဆယ်ငိုကြွေးကြ၏။ ဤသို့ဖြင့် မောရှေအတွက် ငိုကြွေးမြည်တမ်းသောနေ့ရက်များပြီးဆုံးလေ၏။