စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ကမ္ဘာဦး 50:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောသပ်သည် မိမိဖခင်၏မျက်နှာကို ငုံ့၍နမ်းပြီး ငိုကြွေး၏။ Common Language Bible ယောသပ်သည်သူ၏အဖကိုယ်ပေါ်သို့လှဲချ ပြီးလျှင် ပါးကိုနမ်းလျက်ငိုကြွေးလေ၏။- Garrad Bible ထို အ ခါ ယော သပ် သည် အ ဘ နှင့် မျက် နှာ ချင်း အပ် ၍ ငို ကြွေး နမ်း ရှုပ် လေ ၏။ Judson Bible ထိုအခါယောသပ်သည် အဘ၏မျက်နှာပေါ်မှာငုံ့၍၊ ငိုလျက်နမ်းလျက်နေ၏။ |
စာရာသည် ခါနာန်ပြည်ရှိ ဟေဗြုန် ခေါ် ကိရယအာဘမြို့၌ သေဆုံး၏။ အာဗြဟံသည် စာရာအတွက် ငိုကြွေးမြည်တမ်းရန် လာလေ၏။
ငါသည် သင်နှင့်အတူ အီဂျစ်ပြည်သို့ဆင်းသွားမည်။ ငါသည် သင့်ကို ဧကန်ပြန်ခေါ်ဆောင်ခဲ့ဦးမည်။ ယောသပ်သည် မိမိလက်ဖြင့် သင်၏မျက်စိကိုပိတ်ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် သူ၏သားတို့ကိုမှာကြားပြီးသောအခါ ခုတင်ပေါ်သို့သူ၏ခြေကိုရုပ်ပြီး နောက်ဆုံးထွက်သက်ထွက်၍ သူသည် မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှမင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
ဘုရားတရားကြည်ညိုသောသူတို့သည် သတေဖန်ကိုသင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးကြ၏။
ဖခင်တို့၊ သင်တို့၏သားသမီးများကို မခံမရပ်နိုင်ဖြစ်အောင် မပြုကြနှင့်။ သခင်ဘုရား၏ဆုံးမပဲ့ပြင်ခြင်းနှင့်သတိပေးခြင်းတို့အတိုင်း သူတို့ကို ပြုစုပျိုးထောင်ကြလော့။
ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။