တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 5:6 - မြန်မာ့စံမီသမ္မာကျမ်း ရှေသသည် အသက်တစ်ရာ့ငါးနှစ်ရှိသောအခါ သားဧနုတ်ကိုရ၏။ Common Language Bible ရှေသသည်အသက်တစ်ရာ့ငါးနှစ်ရှိသော အခါသားဧနုတ်ကိုရ၏။- Garrad Bible ရှေ သ သည် အ သက် တစ် ရာ့ ငါး နှစ် ရှိ သော် သား ဧ နုတ် ကို ရ လေ ၏။ Judson Bible ရှေသသည် အသက်တစ်ရာငါးနှစ်ရှိသော်၊ သားဧနုတ်ကို မြင်လေ၏။ |
တစ်ဖန် အာဒံသည် မိမိမယားနှင့်ဆက်ဆံသဖြင့် မယားသည် သားကိုမွေးဖွား၍ “ကာဣနသည် အာဗေလကိုသတ်သောကြောင့် ဘုရားသခင်သည် အာဗေလကိုယ်စား အခြားသောမျိုးဆက်ကို အကျွန်ုပ်အတွက်ခန့်ထားတော်မူပြီ”ဟု ဆိုပြီး သား၏အမည်ကို ရှေသ ဟုမှည့်ခေါ်လေ၏။
ရှေသသည်လည်း သားကိုရ၍ သူ၏အမည်ကို ဧနုတ် ဟုမှည့်ခေါ်လေ၏။ ထိုကာလ၌ လူတို့သည် ထာဝရဘုရား၏နာမတော်ကို စတင်၍ခေါ်ဆိုပတ္ထနာပြုကြ၏။
ဧနုတ်ကိုရပြီးနောက် ရှေသသည် ရှစ်ရာ့ခုနစ်နှစ်အသက်ရှင်လျက် အခြားသောသားသမီးများကိုရသေး၏။
ကာဣနန်သည် ဧနုတ်၏သား၊ ဧနုတ်သည် ရှေသ၏သား၊ ရှေသသည် အာဒံ၏သား၊ အာဒံသည် ဘုရားသခင်၏သားပေတည်း။