လေအာကလည်း “အခွင့်ကောင်းရောက်လေပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂဒ် ဟုမှည့်ခေါ်လေ၏။
ကမ္ဘာဦး 49:19 - မြန်မာ့စံမီသမ္မာကျမ်း ဂဒ်မူကား စစ်သူရဲတို့သည် သူ့ကိုဖိနှိပ်တိုက်ခိုက်လာသော်လည်း သူသည် သူတို့၏ဖနောင့်ကို ပြန်၍ဖိနှိပ်တိုက်ခိုက်လိမ့်မည်။ Common Language Bible ဂဒ်သည်ဋ္ဌားပြတို့၏တိုက်ခိုက်ခြင်းကိုခံ ရမည်။ သို့ရာတွင်သူသည်မိမိကိုတိုက်ခိုက်သူတို့ အား ပြန်၍လိုက်လံတိုက်ခိုက်လိမ့်မည်။ Garrad Bible ဂဒ် ကို မူ ကား စစ် သည် တစ် တပ် အ နိုင် ဦး လိမ့် မည်။ အ နှောင်း တွင် သူ လိုက်၍ နိုင် ရ လိမ့် မည်။ Judson Bible ဂဒ်မူကား၊ စစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍၊ သူသည် ပြန်တိုက်လိမ့်မည်။ |
လေအာကလည်း “အခွင့်ကောင်းရောက်လေပြီ”ဟု ဆိုလျက် ထိုသား၏အမည်ကို ဂဒ် ဟုမှည့်ခေါ်လေ၏။
ဂဒ်၏သားများမှာ ဇိဖျုန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ တို့ဖြစ်ကြ၏။
အာရှာ၏အစားအစာသည် အဆီအဆိမ့်နှင့်ပြည့်ဝ၍ ရှင်ဘုရင်အတွက်စားကောင်းသောက်ဖွယ်တို့ကို ထုတ်လုပ်ပေးလိမ့်မည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
ကျန်မနာရှေအမျိုးတစ်ဝက်နှင့် ရုဗင်အမျိုး၊ ဂဒ်အမျိုးတို့မူကား ဂျော်ဒန်မြစ်အရှေ့ဘက်တွင် မောရှေခွဲပေးသော အမွေမြေကို ရပြီးဖြစ်၏။ ထာဝရဘုရား၏ကျွန်မောရှေခွဲပေးခဲ့သည့်အတိုင်း