အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ကမ္ဘာဦး 47:8 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီးက “သင်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလ မည်မျှရှိပြီနည်း”ဟု ယာကုပ်အားမေးလျှင် Common Language Bible ဘုရင်ကယာကုပ်အား``အသက်အရွယ်မည် မျှရှိပါသနည်း'' ဟုမေး၏။ Garrad Bible အ သက် မည် မျှ ရှိ သ နည်း ဟု ဖာ ရော မင်း မေး လျှင်၊ Judson Bible ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက်ရှိပြီနည်းဟု ယာကုပ်အားမေးလျှင်၊ |
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ယာကုပ်သည် အီဂျစ်ပြည်၌ တစ်ဆယ့်ခုနစ်နှစ်အသက်ရှင်နေထိုင်ခဲ့၏။ ယာကုပ်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလများမှာ တစ်ရာလေးဆယ့်ခုနစ်နှစ်ဖြစ်၏။
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
ယာကုပ်က “အကျွန်ုပ်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလမှာ တစ်ရာ့သုံးဆယ်ရှိပါပြီ။ အကျွန်ုပ်အသက်ရှင်သော နေ့ရက်နှစ်ကာလသည် တိုတောင်း၍ဆိုးရွားပါ၏။ အကျွန်ုပ်ဘိုးဘေးတို့ အသက်ရှင်သွားလာနေထိုင်ခဲ့သော နေ့ရက်နှစ်ကာလကို မမီပါ”ဟု လျှောက်လေ၏။
ထိုအခါ ဗာဇိလဲက ရှင်ဘုရင်အား “အရှင်မင်းကြီးနှင့်အတူ ဂျေရုဆလင်မြို့သို့ လိုက်ရလောက်အောင် အကျွန်ုပ် မည်မျှအသက်ရှည်ပါဦးမည်နည်း။