ထိုအခါ ဖာရောမင်းကြီးက ယောသပ်အား “သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့သည် သင့်ထံသို့ရောက်လာကြပြီ။
ဖာရောဘုရင်ကယောသပ်အား``သင်၏အဖ နှင့်အစ်ကိုတို့သည် သင့်ထံသို့ယခုရောက်ရှိ လာကြပြီဖြစ်၍၊-
ယော သပ် အား ဖာ ရော မင်း က၊ သင့် ထံ အ ဘ နှင့် ညီ အစ် ကို တို့ ရောက် လာ ကြ ပြီ ဖြစ်၍၊
ဖာရောမင်းကလည်း၊ သင်၏အဘနှင့်အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြသည်ဖြစ်၍၊
တစ်ဖန် သူတို့က “ခါနာန်ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသဖြင့် သခင့်အစေအပါးတို့၌ရှိသောသိုးဆိတ်များအတွက် စားကျက်မရှိသောကြောင့် အကျွန်ုပ်တို့သည် ဤပြည်၌တည်းခိုနေထိုင်ရန်ရောက်လာကြပါ၏။ သို့ဖြစ်၍ သခင့်အစေအပါးတို့ကို ဂေါရှင်အရပ်၌ နေထိုင်ခွင့်ပြုပါ”ဟု ဖာရောမင်းကြီးအားလျှောက်ကြ၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။