ကမ္ဘာဦး 47:28 - မြန်မာ့စံမီသမ္မာကျမ်း ယာကုပ်သည် အီဂျစ်ပြည်၌ တစ်ဆယ့်ခုနစ်နှစ်အသက်ရှင်နေထိုင်ခဲ့၏။ ယာကုပ်အသက်ရှင်ခဲ့သောနေ့ရက်နှစ်ကာလများမှာ တစ်ရာလေးဆယ့်ခုနစ်နှစ်ဖြစ်၏။ Common Language Bible ယာကုပ်သည်အီဂျစ်ပြည်တွင်တစ်ဆယ့် ခုနစ်နှစ်နေထိုင်ခဲ့၏။ သို့ဖြစ်၍ယာကုပ် ၏သက်တမ်းမှာတစ်ရာ့လေးဆယ်ခုနစ် နှစ်ဖြစ်သတည်း။- Garrad Bible ယာ ကုပ် သည် အိ ဂျစ် ပြည် တွင် ဆယ့် ခု နစ် နှစ် ကြာ နေ၍ အ သက် တစ် ရာ့ လေး ဆယ့် ခု နစ် နှစ် ရှိ သော်၊ Judson Bible ယာကုပ်သည် အဲဂုတ္တုပြည်၌ဆယ်ခုနစ်နှစ်အသက်ရှင်၍ အသက်နှစ်ပေါင်း တစ်ရာလေးဆယ်ခုနစ်နှစ်ရှိသတည်း။ |
ယာကုပ်၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ယောသပ်သည် အသက်တစ်ဆယ့်ခုနစ်နှစ်ရှိသောအခါ မိမိအစ်ကိုတို့နှင့်အတူ သိုးဆိတ်တို့ကိုထိန်းကျောင်း၏။ ယောသပ်သည် အသက်ငယ်သေးသဖြင့် ဖခင်၏မယားဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားတို့နှင့်အတူနေ၍ သူတို့၏မကောင်းသတင်းကို ဖခင်အားပြောလေ့ရှိ၏။
ကိုယ်တော့်အစေအပါး၏နေ့ရက်တို့သည် မည်မျှကြာပါမည်နည်း။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသောသူတို့ကို မည်သည့်အချိန်မှ တရားစီရင်တော်မူမည်နည်း။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။