ဖာရောမင်းကြီးက သင်တို့ကိုခေါ်၍ ‘သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း’ဟု မေးခဲ့လျှင်
ကမ္ဘာဦး 47:2 - မြန်မာ့စံမီသမ္မာကျမ်း ယောသပ်သည် မိမိညီအစ်ကိုများထဲမှ ငါးယောက်ကိုရွေးပြီး ဖာရောမင်းကြီးရှေ့သို့သွင်းလေ၏။ Common Language Bible ထိုနောက်သူသည်အစ်ကိုငါးယောက်ကိုရွေး ယူ၍ ဘုရင်ထံသို့ဝင်ရောက်ခစားစေသည်။- Garrad Bible ညီ အစ် ကို တို့ အ နက် ငါး ယောက် ကို ရွေး ချယ်၍ ဖာ ရော မင်း ထံ သို့ သွင်း ရာ၊ Judson Bible အစ်ကိုစုထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့သွင်းလေ၏။ |
ဖာရောမင်းကြီးက သင်တို့ကိုခေါ်၍ ‘သင်တို့သည် မည်သည့်အလုပ်ကိုလုပ်ကိုင်ကြသနည်း’ဟု မေးခဲ့လျှင်
ဒုတိယအကြိမ်တွင် ယောသပ်သည် သူ၏အစ်ကိုတို့အား မိမိအကြောင်းကိုဖော်ပြသဖြင့် ယောသပ်၏မျိုးရိုးကို ဖာရောဘုရင်သိရှိလာ၏။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှုကို ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေရှုနှင့်အတူထမြောက်စေ၍ သင်တို့နှင့်အတူ ရှေ့တော်သို့ခေါ်သွင်းတော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
သင်တို့အား မှားယွင်းခြင်းနှင့်ကင်းစေရန် စောင့်ရှောက်နိုင်စွမ်းရှိတော်မူ၍ သင်တို့ကို အပြစ်အနာအဆာကင်းလျက် ရွှင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော်ရှေ့၌ရပ်စေနိုင်သော