သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ကမ္ဘာဦး 47:10 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယာကုပ်သည် ဖာရောမင်းကြီးကိုကောင်းချီးပေးပြီးလျှင် ဖာရောမင်းကြီး၏ရှေ့မှထွက်သွားလေ၏။ Common Language Bible ထိုနောက်ယာကုပ်သည်ဖာရောဘုရင်ကိုနှုတ် ဆက်ကောင်းချီးပေးပြီးလျှင် ဘုရင့်ထံတော် မှထွက်လာခဲ့လေ၏။- Garrad Bible ဖာ ရော မင်း အား မင်္ဂ လာ ဆက် သ၍ အ ထံ တော် မှ ထွက် ဆင်း လေ ၏။ Judson Bible ဖာရောမင်းကိုကောင်းချီးပေး၍ အထံတော်ကထွက်သွားလေ၏။ |
သူသည် အာဗြံကိုကောင်းချီးပေးလျက် “ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် အာဗြံကိုကောင်းချီးပေးတော်မူပါစေသော။
ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
သာကြောင်းမာကြောင်းနှုတ်ဆက်ရန်နှင့် ဟာဒဒေဇာမင်းကြီးကို တိုက်ခိုက်ချေမှုန်းနိုင်သောကြောင့် ဂုဏ်ပြုရန် ရွှေထည်၊ ငွေထည်၊ ကြေးထည်တို့ပါလျက် မိမိသားတော်ယောရံကို ဒါဝိဒ်မင်းကြီးထံစေလွှတ်၏။ အကြောင်းမှာ တောဣမင်းကြီးသည်လည်း ဟာဒဒေဇာမင်းကြီးနှင့် စစ်တိုက်ခဲ့ဖူး၏။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ဖြတ်သွားသောသူတို့ကလည်း “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် သင်တို့အပေါ်၌ရှိပါစေ။ ငါတို့သည် ထာဝရဘုရား၏နာမတော်၌ သင်တို့ကို ကောင်းချီးပေးကြ၏”ဟုလည်း မပြောဆိုကြချေ။
ဘုရားသခင်၏လူမောရှေ မကွယ်လွန်မီ အစ္စရေးအမျိုးသားတို့အား ပေးခဲ့သော ကောင်းချီးမင်္ဂလာကား ဤသို့ဖြစ်၏။
ယောရှုသည် ယေဖုန္နာ၏သား ကာလက်ကို ကောင်းချီးပေး၍ ဟေဗြုန်မြို့ကိုလည်း အမွေမြေအဖြစ် ပေးလေ၏။
ထိုစဉ် ဗောဇသည် ဗက်လင်မြို့မှ ရောက်လာ၍ ကောက်ရိတ်သမားတို့အား “ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိပါစေသော”ဟု နှုတ်ဆက်လျှင် သူတို့ကလည်း “ထာဝရဘုရားသည် သခင့်ကို ကောင်းချီးပေးတော်မူပါစေသော”ဟု ပြန်နှုတ်ဆက်ကြ၏။