ကမ္ဘာဦး 46:24 - မြန်မာ့စံမီသမ္မာကျမ်း နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင် တို့ဖြစ်ကြ၏။ Common Language Bible နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။- Judson Bible နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။ |
ဤသူတို့ကား လာဗန်က မိမိသမီးရာခေလအားလက်ဖွဲ့အဖြစ်ပေးသော ဗိလဟာ၏သားများဖြစ်ကြ၏။ ဗိလဟာသည် ယာကုပ်အတွက် ဤသားတို့ကိုမွေးဖွားပေး၍ စုစုပေါင်းခုနစ်ယောက်ရှိ၏။
နဿလိသည် ချစ်ဖွယ်သောသမင်ပေါက်များကိုပေါက်ဖွားသည့် အချုပ်အနှောင်ကင်းသောသမင်မဖြစ်၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
နဿလိအမျိုးမှ တပ်မှူးအယောက်တစ်ထောင်နှင့် ဒိုင်းလှံလက်နက်ကိုင်ဆောင်သူတပ်သားအယောက်သုံးသောင်းခုနစ်ထောင်၊
နဿလိ၏သားများမှာ ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှလ္လုံ တို့ဖြစ်ကြ၏။ သူတို့သည် ဗိလဟာနှင့်ရသောသားများ ဖြစ်ကြ၏။
နဿလိအမျိုးကိုကား၊ အို နဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝလျက်၊ ထာဝရဘုရား၏ကောင်းချီးမင်္ဂလာနှင့်ပြည့်စုံလျက် အနောက်ဘက်၊ တောင်ဘက် နယ်မြေတို့ကိုသိမ်းပိုက်လော့။