ဤသူတို့ကား ယာကုပ်အတွက် ရာခေလမွေးဖွားပေးသော ရာခေလ၏သားများဖြစ်၍ စုစုပေါင်း တစ်ဆယ့်လေးယောက်ရှိ၏။
ကမ္ဘာဦး 46:21 - မြန်မာ့စံမီသမ္မာကျမ်း ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ တို့ဖြစ်ကြ၏။ Common Language Bible ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။- Garrad Bible ဗင်္ယာ မိန့် သား များ ကား ဗေ လ၊ ဗေ ခါ၊ အာ ရှ ဗေ လ၊ ဂေ ရ၊ နေ မန်၊ ဧ ဟိ၊ ရော ရှ၊ မု ပိမ်၊ ဟု ပိမ်၊ အာ ရ ဒ တို့ တည်း။ Judson Bible ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။ |
ဤသူတို့ကား ယာကုပ်အတွက် ရာခေလမွေးဖွားပေးသော ရာခေလ၏သားများဖြစ်၍ စုစုပေါင်း တစ်ဆယ့်လေးယောက်ရှိ၏။
ဗင်္ယာမိန်သည် ကိုက်ဖြတ်စားသောက်တတ်သည့်ဝံပုလွေဖြစ်၏။ သူသည် နံနက်အချိန်၌ သားကောင်ကိုစား၍ နေဝင်ချိန်၌ လုယက်သောအရာကို ခွဲဝေ၏”ဟု ဆိုလေ၏။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။