သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။
ကမ္ဘာဦး 45:19 - မြန်မာ့စံမီသမ္မာကျမ်း ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။ Common Language Bible သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။- Garrad Bible ၎င်း ပြင် ပြု ရန် မှာ မိန်း မ များ၊ သူ ငယ် များ အ ဖို့၊ အိ ဂျစ် ပြည် မှ လှည်း များ ကို ယူ သွား ပြီး လျှင် အ ဘ ကို စီး စေ၍ လာ ခဲ့ ကြ လော့။ Judson Bible အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဖို့၊ အဲဂုတ္တုပြည်ထဲကလှည်းတို့ကိုယူပြီးလျှင် အဘကိုဆောင်၍လာခဲ့ကြလော့။ |
သင်တို့ပစ္စည်းများကို မနှမြောနှင့်။ အကြောင်းမူကား အီဂျစ်ပြည်တစ်ပြည်လုံးရှိအကောင်းဆုံးသောအရာသည် သင်တို့ဥစ္စာဖြစ်၏’ဟူ၍ မှာကြားလော့”ဟု မိန့်ဆိုလေ၏။
အစ္စရေး၏သားတို့သည် ထိုအတိုင်းပြုကြ၏။ ယောသပ်သည် ဖာရောမင်းကြီး၏အမိန့်အတိုင်း သူတို့အား လှည်းများကို ပေး၍ လမ်းခရီးအတွက် စားနပ်ရိက္ခာကို ပေး၏။
သူတို့သည် ယောသပ်ပြောသောစကားအလုံးစုံကို ယာကုပ်အားပြောပြပြီး သူ့ကိုခေါ်ဆောင်ရန်အတွက် ယောသပ်ပေးလိုက်သောလှည်းများကိုမြင်သောအခါမှ သူတို့၏ဖခင်ယာကုပ်သည် သတိပြန်ဝင်လာလေ၏။
ထို့နောက် ယာကုပ်သည် ဗေရရှေဘအရပ်မှထသွားလေ၏။ ယာကုပ်ကိုခေါ်ဆောင်ရန်အတွက် ဖာရောမင်းကြီးပေးလိုက်သောလှည်းများဖြင့် အစ္စရေး၏သားတို့သည် မိမိတို့ဖခင်ယာကုပ်နှင့်တကွ ကလေးများ၊ မိန်းမများကိုခေါ်ဆောင်သွားကြ၏။
ကမ်းရိုးတန်းဒေသတို့၊ ငါ့စကားကို နားထောင်ကြလော့။ ရပ်ဝေးရှိလူမျိုးတို့၊ အာရုံစိုက်နားထောင်ကြလော့။ ထာဝရဘုရားသည် ငါမမွေးမီကပင် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲရှိစဉ်ကပင် ငါ၏နာမည်ကိုမှတ်တော်မူ၏။
ရှင်ဘုရင်တို့သည် သင့်ကို ကြည့်ရှုစောင့်ရှောက်သူ၊ မိဖုရားတို့သည် သင်၏နို့ထိန်း ဖြစ်ကြလိမ့်မည်။ သူတို့သည် မြေပေါ်မျက်နှာအပ်၍ သင့်ရှေ့၌ပျပ်ဝပ်ကာ သင်၏ခြေမှ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်သိရလိမ့်မည်။ ငါ့ကိုစောင့်မျှော်သောသူတို့သည် အရှက်မကွဲရကြ”ဟု မိန့်တော်မူ၏။
ခေါင်းဆောင်နှစ်ယောက်လျှင် ပေါင်းမိုးပါလှည်းအိမ်တစ်ခု၊ တစ်ယောက်လျှင် နွားတစ်ကောင်၊ စုစုပေါင်း လှည်းအိမ်ခြောက်ခုနှင့် နွားတစ်ဆယ့်နှစ်ကောင်စသည့် ပူဇော်သက္ကာတို့ကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်ခဲ့ကြပြီး ကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ပူဇော်ကြ၏။