အကျွန်ုပ်တို့၏အိတ်ဝ၌တွေ့ရှိခဲ့သောငွေကို ခါနာန်ပြည်မှ သခင့်ထံသို့ပြန်ယူလာခဲ့ပါ၏။ အကျွန်ုပ်တို့သည် အဘယ်ကြောင့် သခင်၏အရှင်သခင်အိမ်မှ ရွှေ၊ ငွေကိုခိုးယူရမည်နည်း။
ကျွန်တော်တို့၏အိတ်ဝများ၌တွေ့ရှိသော ငွေကိုပင် ခါနာန်ပြည်မှပြန်၍ယူခဲ့ကြောင်း အရှင်သိပါသည်။ သို့ဖြစ်၍ကျွန်တော်တို့ သည်ဘုရင်ခံ၏အိမ်မှရွှေငွေကိုအဘယ် ကြောင့်ခိုးယူရပါမည်နည်း။-
ယ ခင် အိတ် ဝ တွင် တွေ့ ရှိ သော ငွေ ကို ခါ နာန် ပြည် မှ အ ရှင့် ထံ တစ် ဖန် ဆောင် ခဲ့ ပါ လျက် နှင့် ကိုယ် တော် သ ခင့် အိမ်၌ ရွှေ ငွေ ကို မည် သို့ ခိုး ယူ ပါ အံ့ နည်း။
ယမန်ကအိတ်ဝတွင် တွေ့သောငွေကို၊ ခါနာန်ပြည်မှ ကိုယ်တော်ထံသို့ တစ်ဖန်ဆောင်ခဲ့ပါပြီ။ သို့ဖြစ်လျှင် ကိုယ်တော်၏သခင်အိမ်၌ရွှေငွေကို အဘယ်ကြောင့် ခိုးရပါအံ့နည်း။
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
စခန်းချရာနေရာ၌ တစ်ယောက်သည် မိမိ၏မြည်းကိုအစာကျွေးရန် မိမိ၏အိတ်ကိုဖွင့်သောအခါ အိတ်ဝ၌ မိမိ၏ငွေကိုတွေ့၏။
ထို့နောက် သူတို့သည် မိမိတို့အိတ်များကိုသွန်ချသောအခါ မိမိနှင့်ဆိုင်သောငွေထုပ်အသီးသီးသည် မိမိ၏အိတ်ထဲ၌ရှိ၏။ သူတို့နှင့်သူတို့၏ဖခင်သည် ထိုငွေထုပ်များကိုမြင်သောအခါ ကြောက်လန့်ကြ၏။
သင်တို့လက်ထဲ၌ ငွေနှစ်ဆယူသွားကြလော့။ သင်တို့၏အိတ်ဝတွင် ပြန်ထည့်ပေးလိုက်သောငွေကိုလည်း ပြန်ယူသွားကြလော့။ မှား၍ထည့်ပေးလိုက်ခြင်းဖြစ်ကောင်းဖြစ်မည်။
သူတို့ကို ယောသပ်အိမ်သို့ခေါ်ဆောင်သွားသောကြောင့် သူတို့သည် ကြောက်ရွံ့လျက် “ယခင်တစ်ကြိမ်တွင် ငါတို့အိတ်ထဲ၌ပြန်ထည့်ပေးလိုက်သည့်ငွေနှင့်ပတ်သက်၍ သူသည် ငါတို့ကိုရန်ရှာပြီး ငါတို့ကိုနှိပ်စက်တော့မည်။ ငါတို့နှင့် ငါတို့၏မြည်းတို့ကိုလည်း ဖမ်းဆီးပြီးကျွန်ပြုတော့မည်”ဟု ပြောဆိုကြပြီးလျှင်
သူတို့ကလည်း “အကျွန်ုပ်သခင် အဘယ်ကြောင့် ဤစကားကိုပြောရပါသနည်း။ ထိုသို့ပြုခြင်းအမှုသည် သခင့်အစေအပါးတို့နှင့်ဝေးပါစေ။
မခိုးရ။
ထိုသူကလည်း “မည်သည့်ပညတ်တော်များနည်း”ဟု မေးလျှောက်ပြန်သော် ယေရှုက“လူမသတ်ရ။ အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။
အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။