ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။
ကမ္ဘာဦး 44:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။ Common Language Bible သူတို့သည်မြို့နှင့်မလှမ်းမကမ်းသောအရပ် သို့ရောက်ကြသောအခါယောသပ်က သူ၏အိမ် တော်ဝန်အား``ထိုသူတို့နောက်သို့အမြန်လိုက်လော့။ သူတို့ကိုမီသောအခါ`သင်တို့သည်အဘယ် ကြောင့်ကျေးဇူးရှင်ကိုကျေးစွပ်ရသနည်း။- Garrad Bible မြို့ မှ ထွက်၍ ခ ရီး မ၀ေး သေး မှီ ယော သပ် က၊ ထို သူ တို့ ကို မှီ အောင် လိုက်၍ ဆို ရ မည် မှာ အ ကောင်း အ စား အ ဆိုး ကို အ ဘယ် ကြောင့် သင် တို့ ဆပ် ကြ သ နည်း။ Judson Bible မြို့ပြင်သို့ရောက်၍ မဝေးသေးသောအခါ၊ ယောသပ်သည်ဝန်စာရေးကိုခေါ်၍၊ ထိုသူတို့ကို မြန်မြန်လိုက်လော့။ မီသောအခါ သင်တို့သည်ကျေးဇူးကို မကောင်းသောအမှုနှင့် အဘယ်ကြောင့်ဆပ်ကြသနည်း။ |
ထိုအခါ သူတို့သည် မိမိတို့၏အဝတ်များကိုဆုတ်ဖြဲ၍ အသီးသီး မိမိတို့၏မြည်းများပေါ်သို့ ဝန်ကိုပြန်တင်ပြီးလျှင် မြို့သို့ပြန်လာကြ၏။
နံနက်မိုးလင်းသောအခါ သူတို့ကို သူတို့၏မြည်းများနှင့်တကွ ပြန်လွှတ်လိုက်လေ၏။
သို့သော် ယခုမှာ ကြည့်ရှုတော်မူပါ။ သူတို့သည် အကျွန်ုပ်တို့အား ကျေးဇူးဆပ်သောအားဖြင့် ကိုယ်တော်အမွေပေးတော်မူသောပြည်မှ အကျွန်ုပ်တို့ကို နှင်ထုတ်ရန် လာနေပါပြီ။
သူတို့သည် အကျွန်ုပ်အား အကောင်းကိုအဆိုးဖြင့်လည်းကောင်း၊ အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို မုန်းတီးခြင်းဖြင့်လည်းကောင်း ပြန်ဆပ်ကြပါ၏။
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။