သူငယ်မပါသည်ကိုသိမြင်သောအခါ အဖေသည် သေပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် သခင့်အစေအပါးဖြစ်သော ဆံပင်ဖြူသူအကျွန်ုပ်တို့ဖခင်ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်။
သူ ငယ် မ ပါ မ ရှိ သည် ကို သိ မြင် သော် အ ဘ သေ လွန် ပါ လိမ့် မည်။ ကျွန် တော် မျိုး တို့ သည် အ ရှင့် ကျွန်၊ ဆံ ဖြူ အို မင်း သူ၊ ကျွန် တော် မျိုး တို့ အ ဘ ကို ပူ ဆွေး ခြင်း ဖြင့် မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သက် စေ ကြ လေ ပြီ။
သူငယ်မရှိသည်ကိုမြင်သောအခါ အဘသေပါလိမ့်မည်။ ကိုယ်တော်ကျွန်တို့သည်၊ ကိုယ်တော်ကျွန်တည်းဟူသော ကျွန်တော်တို့အဘဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြပါလိမ့်မည်။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ဤတစ်ယောက်ကိုလည်း သင်တို့သည် ငါ့ထံမှယူသွား၍ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့် မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်’ဟု အကျွန်ုပ်တို့အား ဆိုပါ၏။
အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။
ညီအစ်ကိုတို့၊ သင်တို့သည် မျှော်လင့်ခြင်းမရှိသောအခြားသူများကဲ့သို့ ဝမ်းနည်းခြင်းမရှိကြမည့်အကြောင်း အိပ်ပျော်သောသူတို့နှင့်ပတ်သက်၍ သင်တို့မသိဘဲနေရန် ငါတို့အလိုမရှိ။
ဒါဝိဒ်က အဗျာသာအား “ထိုနေ့၌ ဧဒုံအမျိုးသားဒေါဂသည် ထိုနေရာတွင်ရှိနေ၏။ သူသည် ရှောလုမင်းကြီးအား ကျိန်းသေပြောပြလိမ့်မည်ကို ငါသိ၏။ သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး သေရသည့်အကြောင်းရင်းမှာ ငါ့ကြောင့်ပင်ဖြစ်၏။