ဤတစ်ယောက်ကိုလည်း သင်တို့သည် ငါ့ထံမှယူသွား၍ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့် မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်’ဟု အကျွန်ုပ်တို့အား ဆိုပါ၏။
ယခုဤသားကိုသင်တို့ခေါ်ဆောင်သွား၍သူသည် ဘေးဥပဒ်နှင့်တွေ့ကြုံရသော် သင်တို့အဖေအို ကြီးသည်ဝမ်းနည်းကြေကွဲလျက်သေရပါမည်' ဟုဆိုပါသည်။
ဤ သား ကို လည်း ငါ့ ထံ မှ ခေါ် သွား၍ သူ၌ ဘေး သင့် လျှင် သင် တို့ သည် ဆံ ဖြူ အို မင်း သူ ငါ့ ကို ဒု က္ခ ဖြင့် မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သက် စေ ကြ လိမ့် မည် ဟု ကျွန် တော် မျိုး တို့ အား ဆို ပါ ၏။
ဤသူကိုလည်း ငါ့ထံမှယူသွား၍ သူ၌ဘေးရောက်လျှင်၊ သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ကျွန်တော်တို့အားဆိုပါ၏။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
သူတို့၏ဖခင်ယာကုပ်က သူတို့အား “သင်တို့သည် ငါ့ကို သားဆုံးရှုံးအောင်ပြုကြပြီ။ ယောသပ်လည်းမရှိတော့ပြီ။ ရှိမောင်လည်းမရှိတော့ပြီ။ ဗင်္ယာမိန်ကိုလည်း သင်တို့ယူသွားလိုကြ၏။ ဤအမှုအားလုံးသည် ငါ၌ ဖြစ်လာကြပါပြီတကား”ဟု ဆိုလေ၏။
သို့သော် ယာကုပ်က “ငါ့သားသည် သင်တို့နှင့်အတူမသွားရ။ အကြောင်းမူကား သူ၏အစ်ကိုသေပြီ။ သူတစ်ယောက်တည်းကျန်၏။ အကယ်၍ သင်တို့သွားမည့်လမ်းခရီး၌ သူ့အပေါ်အန္တရာယ်ကျရောက်မည်ဆိုလျှင် သင်တို့သည် ဆံပင်ဖြူသူငါ့ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်”ဟု ဆိုလေ၏။
ယောသပ်၏ညီဗင်္ယာမိန်ကိုကား “ဗင်္ယာမိန်အပေါ် အန္တရာယ်ကျရောက်ကောင်းကျရောက်လိမ့်မည်”ဟု စိုးရိမ်သဖြင့် ယာကုပ်သည် သူ့ကို အစ်ကိုတို့နှင့်အတူမလွှတ်ပေ။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
သူငယ်မပါသည်ကိုသိမြင်သောအခါ အဖေသည် သေပါလိမ့်မည်။ ကျွန်တော်မျိုးတို့သည် သခင့်အစေအပါးဖြစ်သော ဆံပင်ဖြူသူအကျွန်ုပ်တို့ဖခင်ကို ဝမ်းနည်းစွာဖြင့်မရဏာနိုင်ငံသို့ ဆင်းသွားစေရာရောက်လိမ့်မည်။
ထိုနေ့ရက်၌ ငါသည် သူတို့ကိုအမျက်ထွက်၍ စွန့်ပစ်မည်။ သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် ဝါးမျိုခြင်းခံရမည်။ ဘေးအန္တရာယ်နှင့်ဆင်းရဲဒုက္ခများစွာတို့နှင့် ကြုံတွေ့ရမည်။ သို့ဖြစ်၍ ထိုနေ့ရက်၌ သူတို့က ‘ငါတို့၏ဘုရားသခင်သည် ငါတို့နှင့်အတူမရှိသောကြောင့် ဤဘေးအန္တရာယ်များနှင့် ငါတို့ကြုံတွေ့ရသည်မဟုတ်လော’ဟု ဆိုကြလိမ့်မည်။